Chapter 62_-_ကျွန်တော် ကိုယ့်ဘာသာ ဆေးမသောက်ချင်ဘူး

7.5K 1.5K 52
                                    

Chapter 62

သဝန်တိုရမယ်ဆိုတာ ဘာလဲ..... ရဲ့ချန်က ဘယ်လို သဝန်တိုရမှာလဲ? ရဲ့ချန်လို ယောက်ျားတစ်ယောက်က ဘာအတွက် သဝန်တိုရမှာလဲ? ဒါ အဓိပ္ပာယ်မရှိတဲ့အရာကြီးပဲ။

System က ထပ်ပြောလာခဲ့တယ်။
" Daily mission: ရန်ကျင်းအား သင့်ကို အနည်းဆုံး ဆေးသုံးကြိမ် တိုက်ခိုင်းရန်"

ရဲ့ချန် "..."

System:" ကောင်းလိုက်တာ daily mission ရော weekly mission ရော နှစ်ခုလုံးတစ်ပြိုင်တညကျလာပြီ။ မင်းအတွက် လွယ်ကူနေတော့မှာပဲ"

ရဲ့ချန်က သူ့ကိုယ်သူ စောင်ထဲ မြုပ်ထားပြီး ဖျော့တော့တဲ့ အသံနဲ့မေးလာတယ်။
" အဖျားနည်းနည်းလေးဟာကို ဘာလို့ ဆေးသောက်ဖို့လိုမှာလဲ?"

System က စနောက်လိုက်တယ်။
" ဆိုတော့ မင်းကတကယ်တော့ ဆေးသောက်ရမှာ ကြောက်တာမဟုတ်လား?"

ရဲ့ချန်က ‌သူ့ကို သေချာရှင်းပြလိုက်တယ်။
" လောင်ဇီက ဆေးသောက်ရတာ မကြိုက်တာပါနော်"

Systemက ဘာမှမကြားလေဟန်ဆောင်ပြီး
" ဘာမှ မစိုးရိမ်ပါနဲ့ ရန်ကျင်းကိုသာ သူ့ပါးစပ်နဲ့ မင်းကို ဆေးကျွေးခိုင်းလိုက်။ အဲ့လိုဆို မခါးတော့ဘူး"

ရဲ့ချန် အဲ့လိုကြိုးစားကြည့်ချင်တယ်။ ဒါပေမယ့် စိတ်ကူးကြည့်လိုက်တော့ သူ့မျက်နှာက ပူသထက် ပိုပူလာရတယ်။

ရဲ့ချန်စိတ်တွေ အရမ်းရှုပ်ထွေးနေတယ်။ သူအဖျားမြန်မြန်ပျောက်ချင်တယ်။ တစ်ချိန်တည်းမှာပဲ ဖြည်းဖြည်းမှ ပျောက်ချင်တယ်။ ‌သူဆေးသောက်ရမှာ ကြောက်ပေမယ့် သူ ရှေ့ဆက်လဲ တိုးချင်မိတယ်..... ရပ်.... အဖျားက သူ့စိတ်တွေ ရှုပ်ထွေးအောင် လုပ်နေတာပဲ

System က သူ့အတွေးတွေကို ပြောပြလိုက်တယ်။
" ဒါကအဖျားမဟုတ်ဘူး။ ချိုထွက်နေတဲ့ မင်းကြောင့်ပဲ"

ရဲ့ချန်..."

System က သူ့ကိုယ်သူ အရမ်းဂုဏ်ယူနေတယ်။
" တရုတ်ဘာသာစကားက အရမ်းကျယ်ပြန့်ပြီး နက်နဲသိမ်မွေ့နေတာပဲ"

ရဲ့ချန်က သူ့ကို တရုတ်ကွန်ဖူးက ပိုကျယ်ပြန့်ပြီး ပိုနက်နဲတယ်ဆိုတာ ပြလိုက်ချင်မိတယ်။

✅✔️မချစ်ရင် သွားသေလိုက် { Myanmar Translation } U+ZWo Geschichten leben. Entdecke jetzt