Chapter 90_-_ အိမ်ထောင်သည် သားတစ်ယောက်က လွတ်ထွက်သွားတဲ့ ရေလိုပဲတဲ့

7.9K 1.2K 15
                                    

Chapter 90

ရဲ့ချန် အရမ်းရှက်နေတယ်။
" ဘယ်... ဘယ်လို ဖြစ်နိုင်မှာလဲ..."

သူ‌ အဲ့လိုပြောလိုက်တော့ ကုရှီက သူ့ကိုယ်သူ မကောင်းတဲ့စကားတွေ ထွက်လာတတ်တဲ့ အရူးတစ်ယောက်လို ခံစားလိုက်ရတယ်။သူ့စကားတွေကတောင် သူ့ကို တန်ပြန် ရိုက်ခတ်လာတယ်။

ကုရှီ ရဲ့ချန်ကို ဆက်ပြီး မလှောင်ပြောင်တော့ဘူး။ သူက အခန်းထဲ ဝင်ပြီး ကြည့်လိုက်တယ်။
" ရန်ကျင်းရော??"

ရဲ့ချန်:" သူအလုပ်သွားပြီ"

ကုရှီ ချက်ချင်း နားလည်သွားတယ်။
" မင်း အခု‌ချိန်ထိတောင် အိပ်နေတာလား?"

ရဲ့ချန်က ရှက်ရွံ့မှုကြောင့် ခေါင်းကုပ်လိုက်တယ်။

ကုရှီက ရဲ့ချန်ဆီကို လာရင်းကိစ္စနဲ့ လွဲသွားလို့ စိတ်ပျက်သလို ဖြစ်သွားတယ်။
" မင်း မနက်စောစော သူ့ကို အလိုလိုက်ခဲ့တာတော့ မဟုတ်ဘူးမလား?"

ရဲ့ချန်က ပြောချင်တာကို မြိုသိပ်ပြီး
" မဟုတ်ပါဘူး"
တကယ်တော့ သူကပဲ ရန်ကျင်းကို မြူဆွယ်ခဲ့တာလေ

ကုရှီ မခံချိမခံသာ ဖြစ်နေတုန်းပဲ
" ရန်ကျင်းက ကျိုးကြောင်းသင့်တဲ့လူလို့ ငါထင်ခဲ့တာ ဒါပေမဲ့ အခုတော့ သူက အလိုက်လုံးဝမသိတတ်တဲ့ လူပဲ"

သူ့ရဲ့ စကားတွေက ရန်ကျင်းကို မတရားပြောနေတာပဲ။ ရဲ့ချန် မနေနိုင်ဘဲ ပြန်ပြောလိုက်တယ်။
" သူက အရမ်း တွေးပေးပါတယ်"

ကုရှီက သူ့ကို ကြည့်လိုက်ပြီး
" မင်းက သူ့ကိုယ်စား ပြောပေးနေတာလား?"

ရဲ့ချန် "..."

ကုရှီ:" အိမ်ထောင်သည် သားတစ်ယောက်က လွတ်ထွက်သွားတဲ့ ရေလိုပဲတဲ့ ။ ရှေးက လူတွေရဲ့ စကားက တကယ်ကို မမှားဘူးပဲ"

ရဲ့ချန် သူမှားတယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ ကုရှီရဲ့ စကားက အရမ်း ပိုသွားပြီ။ သူကအသံတိုးတိုးနဲ့
" ဒါကရှေးလူကြီးတွေ ပြောခဲ့တဲ့ စကားမှ မဟုတ်တာ"

ကုရှီက သူ့အနောက်ကို ရိုက်ပစ်လိုက်တယ်။

ရဲ့ချန် နာကျင်မှုက ချက်ချင်းထိုးတက်သွားတယ်။ သူ့ရဲ့ အနောက်က လဲကျသွားမတတ် အရမ်း နာနေတယ်။

✅✔️မချစ်ရင် သွားသေလိုက် { Myanmar Translation } U+ZDonde viven las historias. Descúbrelo ahora