Chapter 105_-_ Side Story completed

10.4K 1K 108
                                    

Chapter 105

အကြောင်းအရာတွေအကုန်လုံးက ဒီမှာ

<<ကြီးမားသော သံယောဇဉ် >>ကို ရုံတင်ပြီးနောက် နွေဦးပွဲတော်အတွင်းမှာ အရမ်းကို အောင်မြင်သွားတယ်။

ဇာတ်လမ်းသဘောသဘာဝက လိင်တူဇာတ်လမ်းဖြစ်ပေမဲ့ အဲ့တာက ရန်ကျင်းကို အကျိုးသက်ရောက်မှု ကြီးကြီးမားမားမရှိခဲ့ဘူး။ သူက ပုံမှန်မဟုတ်တဲ့ ဇာတ်လမ်းဇာတ်အိမ်မှာ သရုပ်ဆောင်ခဲ့တော့ လူထုကို အော်ဟစ်သွားစေဖို့ လုံလောက်တယ်။

ပွဲကြည့်ပရိသတ်တွေက ရုပ်ရှင်ရုံထဲကို စိတ်လှုပ်ရှားစွာ ဝင်သွားပြီး ရုပ်ရှင်ကို ချစ်သွားကြတယ်။

ဇာတ်ကားက ဝမ်းနည်းစရာ ဇာတ်အိမ်နဲ့ ‌အခြေတည်ထားတယ်။ သရုပ်ဆောင်တွေရဲ့ အရမ်းကောင်းတဲ့ သရုပ်ဆောင်စွမ်းရည်နဲ့ အဆုံးသတ်က ကောင်မလေးတွေကို မျက်လုံးတွေ နီရဲလာတဲ့အထိ ငိုနေစေခဲ့တယ်။ ကောင်မလေးတွေကို အဖော်ပြုပေးလာတဲ ကောင်လေးတွေကလဲ မျက်လုံးတွေ ကို မှိတ်ကာ လက်တွေ ခြေတွေ ထုံကျင်သွားရတယ်။ရလဒ်အနေနဲ့ ရုပ်ရှင်ရုံဟာ အရမ်းကို အသက်ဝင်နေတော့တာပေါ့

တစ်ယောက်စကားတစ်ယောက်နားမှာ ရုပ်ရှင်အကြောင်းကို လက်ဆင့်ကမ်းခဲ့ကြတယ်။ ရုပ်ရှင်ကို လူသိရှင်ကြား များများစားစားကြီး မပြပေမဲ့ ကြီးမားတဲ့ အောင်မြင်မှုတွေ ရနေသေးတုန်းပဲ

စိတ်လှုပ်ရှားစရာတွေ ပြီးသွားတော့ မရေမတွက်နိုင်တဲ့ မီဒီယာတွေက သူတို့ကို အင်တာဗျုးဖို့ ကြိုးစားကြတယ်။

ရဲ့ချန်က သူတို့ကို ဖြေရတာ သဘောမကျဘူး။ ဒါ့ကြောင့် အားလုံးကို ငြင်းလိုက်တယ်။

နောက်တော့ ရန်ကျင်းက သူ့ကို ပြောလာတယ်။
" ဒီတစ်ခုကိုတော့ အတူသွားကြရအောင်"

ရဲ့ချန် တစ်ချက်ကြည့်လိုက်တယ်။ပြီးတော့...အို့ ဒါက ရန်ကျင်း ရှယ်ယာဝင်ထားတဲ့ ကုမ္ပဏီပဲ။ သူတို့က တော်တော်လေး နာမည်ကြီးတယ်။ သူလဲ အဆင်ပြေလောက်မှာပါ- အဲ့ဒီအချိန်တုန်းက သူလဲ အများကြီး မတွေးမိခဲ့ဘူး။

ရဲ့ချန် သဘောတူလိုက်တော့ သူတို့ရဲ့ လက်ထောက်တွေက စီစဉ်ကြတော့တယ်။

✅✔️မချစ်ရင် သွားသေလိုက် { Myanmar Translation } U+ZWhere stories live. Discover now