Chapter 87_-_ကားအက်စီးဒင့်ကရော တကယ်ရိုးရိုးသားသားပဲလား

6.7K 1.2K 11
                                    

Chapter 87

အဖိုးရဲ့အသံကို ကြားတော့ ရဲ့ချန်က ချက်ချင်း ထရပ်ပြီး ခေါ်လိုက်တယ်။
" အဖိုး"

မားမားရဲ့နဲ့ ပါးပါးရဲ့လဲ နှုတ်ဆက်လိုက်တယ်။ မကြာပါဘူး။ ပါးပါးရဲ့မေးလိုက်တယ်။
" ရဲ့ချန်ရဲ့ ဇာတ်လမ်းနဲ့ ပက်သက်ပြီး ဘာဖြစ်လို့လဲ?"

ပါးပါးရဲ့နဲ့ မားမားရဲ့က အဖိုးရဲ့ နေပြန်ကောင်းလာတာကို သိကြတယ်။ သူတို့က ဆေးစစ်မှတ်တမ်းကို ကြည့်လိုက်တော့ အရမ်းအံ့ဩသွားရသေးတယ်။ သူတို့ရဲ့မျက်နှာမှာ ဖော်ပြခဲ့တဲ့ အမူအရာတွေက မယုံကြည်နိုင်မှုတွေပဲ

‌ဆီးချိုသွေးချို၊ သွေးတိုး၊အရိုးဆွေးအရိုးအဆစ်နာ ပြီးတော့ ဒူလာရောဂါ.... အဲ့ဒီ ရောဂါအားလုံးကို ဆေးပညာနဲ့ကုသထိန်းချုပ်နိုင်ခဲ့တယ်။ ဒါပေမဲ့ အဲ့ဒီအရာတွေကို ကုသပျောက်ကင်းဖို့က အသက်ကြီးတဲ့လူတစ်ယောက်အတွက် ဖြစ်မှ မဖြစ်နိုင်တာ

အဖိုးရဲ့ အသက်အရွယ်နဲ့ဆိုရင် ကုသတဲ့အခါ ရှုပ်ထွေးမှုများစွာ ရှိနိုင်တယ်။ ဒီနှစ်တွေမှာ တစ်ချိန်လုံး ဆေးသောက်ခဲ့ရတော့ ကျောက်ကပ် ကိုလဲ ထိခဲ့သေးတယ်...

အတိုချုပ်ရရင် အဖိုးရဲ့က ဆေးအကူအညီနဲ့ နှစ်ပေါင်းများစွာ ရှင်သန်ခဲ့ရတယ်။ ဒါပေမဲ့ အဲ့ဒီရောဂါတွေက သူ့အတွက် ခံစားရခက်နေတုန်းပဲ

ဒါပေမဲ့ အခုကျတော့... အဲ့ဒီ နေမကောင်းမှုတွေအကုန်လုံး လုံးဝပျောက်ကင်းသွားတယ်။ အဖိုးရဲ့က အသက်ကြီးလာတယ်ဆိုရင်တောင် သူခံစားခဲ့ရတဲ့ ရောဂါပေါင်းစုံက မရှိတော့ဘူး။

အခုမတိုင်ခင်အထိ ဘယ်သူကမှ ဘာတွေဖြစ်ခဲ့သလဲဆိုတာ မသိခဲ့ကြဘူး။ ဒါပေမဲ့ အခုတော့... အကြောင်းအရင်းကို တွေ့သွားကြပြီ

ရဲ့ချန်:" ဟုတ်တယ် အသက်မှတ်တွေကို ကျွန်တော်ချစ်တဲ့လူအတွက် သုံးနိုင်တယ်"

အဖိုးရဲ့က အစကတည်းက ထောင့်နားမှာ နားထောင်နေခဲ့တော့ ရဲ့ချန် ဘာပြောသလဲ ဆိုတာ နားလည်တယ်။
"ဒါပေမဲ့ အသက်မှတ်တွေက ရန်ကျင်းရဲ့ အသက်ကို ဆက်ထားဖို့ပဲ မဟုတ်ဘူးလား?"

ရဲ့ချန်က အသက်မှတ်တွေရဲ့ အသုံးဝင်ပုံကို အသေးစိတ်ရှင်းပြလိုက်တယ်။

✅✔️မချစ်ရင် သွားသေလိုက် { Myanmar Translation } U+ZOpowieści tętniące życiem. Odkryj je teraz