Chapter 56_-_ရဲ့ချန် ဒီနေ့အထိ အသက်ရှင်လာတာကိုက အံ့ဩစရာပဲ

7.6K 1.5K 106
                                    

Chapter 56

ရဲ့ချန်ဟာ အချစ်ရေးအတိုင်ပင်ခံ ပုဂ္ဂိုလ်ဖြစ်လာဖို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူး။

နောက်နေ့ရောက်တော့ သူ အရမ်းစိတ်လှုပ်ရှားနေတယ်။ ဘာလို့ဆို system က သူမျက်လုံးဖွင့်ဖွင့်ချင်း အနှောင့်အယှက်ပေးလိုက်လို့ပဲ။ ပြီးတော့ mission ကျလာတယ်
" ရန်ကျင်းအား သင့်အဝတ် လျှော်ကူခိုင်းရန်"

ဒါဘာကြီးလဲ

သူ system ကို မေးလိုက်တယ်။
" ဘာလို့ ငါ့ကို ရန်ကျင်းရဲ့ အဝတ်မလျှော်ခိုင်းတာလဲ"
သူ အဝတ်ဘယ်လိုလျှာ်ရတယ်ဆိုတာ မသိပေမယ့် ဒီဟာထက်စာရင် ပိုပြီး လွယ်ဦးမယ်။ သူ ရန်ကျင်းအဝတ်ကို တိတ်တိတ်လေးခိုးပြီး တိတ်တိတ်လေး လျှော်လိုက်ရင် မျက်တောင် တစ်ခတ်စာ အတွင်းမှာပဲ mission က လွယ်လွယ် ပြီးသွားမယ့်ဟာ

ဒါပေမယ့် အခုတော့ သူ့အဝတ်တွေကို ရန်ကျင်းကို ဘယ်လို လျှော်ခိုင်းရမှာလဲ

System ရဲ့ စိတ်ထဲမှာတော့
" မင်းရဲ့ ယောက်ျားက မင်းရဲ့ ဖြူဖွေးသွယ်လျနူးညံ့တဲ့ လက်ချောင်းတွေကို ဘယ်အဝတ်လျှော် ခိုင်းရက်မလဲ? မင်းအများကြီး အတွေးလွန်နေပြီလို့ ထင်တယ်"

အမှန်တော့ မပြောဖြစ်လိုက်ပါဘူး။ အဲ့အစား system က ဆွပေးလိုက်တယ်။
" မင်း ရန်ကျင်းရဲ့ အဖွဲ့ဝင်ကြီးကို ပြန်ကူညီပေးလိုက်လေ။ အဲ့လိုဆိုရင် မင်းရဲ့ အဝတ်တွေ မတော်တဆညစ်ပတ်သွားပြီးတော့ မင်း...."

ရဲ့ချန် အဲ့စကားတွေတွေကို ထပ်မကြားနိုင်တော့ဘူး
" ပါးစပ်ပိတ်ထားစမ်း!"

Death System, "(!(- ------()!"

ရဲ့ချန်က တိတ်ဆိတ်နေပြီးမှ
"မင်းကျေးဇူးပြုပြီး အဲ့ဒီ sign တွေနဲ့ မပြောလို့မရဘူးလား? အဖွင့်ကွင်းတွေ အာမေဍိတ်တွေ အပိတ်ကွင်းတွေက ဘာလားပဲ ဒါကြီးကလုံးဝ ချစ်စရာကောင်းမနေဘူးနော် ကြက်ချဉ်စပ် system !"

ရဲ့ချန် mission ပြီးအောင် ဘယ်လိုလုပ်ရမလဲဆိုတာ တွေးလို့ မရဘူး။ ကံကောင်းလို့ သူ့မှာ အချိန်ရှိသေးလို့

သူ ရန်ကျင်းကို သွားရှာမလို့ လုပ်တော့ တံခါး bell မြည်လာတယ်။

မနက်ကြီး စောစော ဘယ်သူဖြစ်နိုင်လဲ?

တံခါးဖွင့်ဖို့ အိပ်ရာပေါ်ကထရင်း သူ့ကိုယ်သူမေးမိလိုက်တယ်။ တစ်ဖက်က ကုရှီရဲ့အသံကို သူကြားလိုက်တယ်။

✅✔️မချစ်ရင် သွားသေလိုက် { Myanmar Translation } U+ZKde žijí příběhy. Začni objevovat