Chapter 39_-_မင်းမိဘတွေဆီ အတူတူသွားတွေ့ကြ

9K 1.6K 37
                                    

Chapter 39

Message ကို မြင်ပြီးတော့ ရဲ့ချန် ဒူးတွေ ချောင်လာတယ်။

သူ့အမေ ပြန်လာပြီ ဒါပေမယ့် ဘာလို့ အဲ့လောက် တိုက်ဆိုင်ရတာလဲ ဘာလို့လဲ???????

သူအခု ဘာလုပ်သင့်လဲ?

သူ့အ‌ေမကိုသာ သွားမကြိုလိုက်ရင် သူမက သူ့ကို တစ်ရက်လုံး ခါးခါးသီးသီးကြီး ကြည့်နေတော့မှာ ပီးရင် သူမရဲ့ယောက်ျားကိုလဲ ဆေးထိုးဦးမှာ

ဟုတ်တယ် တစ်ကြိမ်ဆို လုံလောက်ပြီပေါ့ သူမက တစ်ရက်ကို သုံးကြိမ်လောက် တိုင်တန်းနေမှာ

တွေးရင်းနဲ့ အစ်ကိုကြီးချန်ဟာ ကြက်သီးတွေ ထလာတယ်။

ဒါပေမယ့် သူမကို သွားကြိုလိုက်ရင်လဲ သူ့mission ပြီးတော့မှာ မဟုတ်ဘူး။ သူ့အမေက 7 နာရီကို ရောက်မှာ သူမကို အိမ်ပြန်ပို့တာနဲ့ သူမအကြိုက်လိုက်ပေးရတာနဲ့ဆိုရင် နေ့လည်လောက် ရောက်သွားတော့မှာ

နောက်ဆုံး အသက်မှတ်ကို သူဘယ်လို ရအောင် ယူရမလဲ?

Systemက သူ့ကို ကြည့်မနေနိုင်တော့ဘူး။
" မင်းမိဘတွေနဲ့တွေ့ဖို့ ရန်ကျင်းကိုပါ တစ်ပါတည်းခေါ်သွားလိုက်လေ မကောင်းဘူးလား?"

ရဲ့ချန်:"...... မင်းငါ့ကို သေစေချင်နေတာလား?"

System က ရယ်လိုက်ပြီး
" ဟဟ မသေပါဘူးကွာ ရန်ကျင်းက ကောင်းတဲ့လူပါ။ ငါသာ မင်းမိဘဆိုရင် သူ့ကို သဘောကျမှာ"

ရဲ့ချန် "......"

"ရန်ကျင်းက တော်တဲ့လူမဟုတ်လို့လား?"

ရဲ့ချန်:".....သူက တော်ပါတယ်။"

System:" ဒါဆို ဘာလို့ မင့်မိဘတွေကို သူ့ကို သဘောမကျရမှာလဲ?"

ရဲ့ချန်က မဲ့ပြုံးပြုံးလိုက်ပြီး
" သူတို့ သဘောကျကြမှာပါ"

ပြဿနာက သဘောကျတယ်ဆိုတာ ပုံမှန် သဘောကျတာမဟုတ်ဘူး။

System:" ဒါဆိုလဲ လုပ်လိုက်တော့လေ"

" ထွက်သွားစမ်း" ရဲ့ချန် သူ့ခေါင်းထဲမှာရူးကြောင်ကြောင်နိုင်တာတွေ မတွေးချင်တော့ဘူး။
"ငါ့အမေက အမြဲတမ်းကလေးချီချင်နေတာ။ သူမသာ သူမမြေးလေးကို မြင်ဖို့အခွင့်အရေးမရှိဘူးဆိုတာ သိများသိသွားရင်
၊ပီးတော့ သူ့သားရဲ့မိန်းမက ယောင်္ကျားလေးတစ်ယောက်ဆိုတာ သိသွားရင်......သူမ ငါ့ကို သတ်လိမ့်မယ်"

✅✔️မချစ်ရင် သွားသေလိုက် { Myanmar Translation } U+ZWo Geschichten leben. Entdecke jetzt