"မာမီ ကျွန်တော်တောင်းပန်ပါတယ် မာမီ့အတွက်အလှဆုံးပန်းစည်းလေးကိုရွေးနေတာနဲ့ ကျွန်တော်နည်းနည်းနောက်ကျသွားတယ်....ကျွန်တော့်ကိုခွင့်လွှတ်နော် မာမီ"
Chanyeolတစ်ယောက်ဒူးထောက်လျက် မိမိရှေ့က ဖြူဖြူဖွေးဖွေး အုတ်ဂူလေးအား ပြုံးပြကာ စကားတွေပြောနေသည်။ ပြန်ပြောသူ မရှိသော်လည်း အုတ်ဂူထက်က ဓာတ်ပုံလေးထဲက အမျိုးသမီးကတော့ Chanyeolကို ပါးချိုင့်တွေပေါ်အောင် ပြုံးပြနေသည်။
"မာမီ သိလား ဒယ်ဒီကလေ မကောင်းဘူး မာမီလဲဆုံးသွားပြီး မကြာသေးဘူး သူ့အချစ်ဦးကြီးကို အိမ်ပေါ်ခေါ်တင်လာတယ်.."
Chanyeol မိမိရှေ့ကဓာတ်ပုံထဲကအမျိုးသမီးအား နှုတ်ခမ်းတဆူဆူနဲ့ စကားတွေပြောရင်း တိုင်နေသည်။
"အော်..ဒါနဲ့ အဓိကအကြောင်းရင်းကို မေ့နေတယ်...."
Chanyeol တစ်ခုခုကိုသတိရသွားပြီး မကြာ ကျောပိုးလွယ်အိတ်ထဲက စာရွက်လေးအား ကိုင်လျက် ဓာတ်ပုံထဲက အမျိုးသမီးအား ဂုဏ်ယူဝံ့ကြွားစွာပြသည်။
"မာမီ တွေ့လား ဒီတစ်ခေါက်လဲ အဆင့်၁ဘဲ မာမီ့သား တော်တယ် ဟုတ်"
ထိုအမျိုးသမီးအား Chanyeolမျက်လုံးတစ်ဖက်မှိတ်ပြလျက် လက်ပိုက်ကာ မျက်နှာကို ချီလျက်ပြောသည်။
"ကျွန်တော်လေ ဒယ်ဒီလိုမျိုးCompanyကြီးပိုင်ဆိုင်နိုင်အောင်လုပ်မှာ ဒါမဲ့ ဒယ်ဒီလိုမျိုးသစ္စာတော့မဖောက်ဘူး သိလား မာမီ"
"မာမီ ဒီမှာနေရတာ အေးချမ်းမှာပေါ့နော် အရင်လို မာမီ့ကိုဆူနေကြ ဒယ်ဒီလဲမရှိတော့"
"ဒယ်ဒီက မာမီထွက်သွားပြီးနောက်ပိုင်း သိပ်ကိုပြောင်းလဲသွားတယ်"
"ပြီးတော့သားကိုလဲအရမ်းဆူတာဘဲ..ပြီးတော့ သားလေ အဲ့ဒယ်ဒီ့အချစ်ဦးကြောင့် အိမ်မှာနေရတာအဆင်မပြေဘူး တကယ်ကို ဒုက္ခရောက်တယ် မာမီ"
"မာမီ ပြောတော့ သား ဒုက္ခရောက်တဲ့အချိန်တိုင်း သားဝမ်းနည်းတဲ့အချိန်တိုင်း နတ်သားလေးက သားကိုလာကူညီပေးမှာဆို"
"ဒါမဲ့ သူမလာခဲ့ဘူး..ခုထိဘဲ..."
"ဒါကြောင့် ကျွန်တော် စာတော်အောင်ကြိုးစားမယ် ပြီးတော့ Companyတစ်ခုပိုင်ဆိုင်နိုင်အောင် ကြိုးစားမယ် ပြီးတော့ တစ်ယောက်ထဲနေမယ်"
YOU ARE READING
Hello! Mr.Park (Complete)
Dragosteကျွန်တော် ပင်လယ်ကြီးကိုသဘောကျတယ် ... Chanyeolကရော // Byun Baekhyun // ကိုယ်က...မင်းကိုသဘောကျတယ် // Park Chanyeol // ကျွန်တော် ပင်လယ်ကြီးကိုသဘောကျတယ် ... Chanyeolကရော // Byun Baekhyun // ကိုယ်က...မင...