Chapter 1 << Volume 1 >>

3.7K 307 5
                                    

Unicode

အတွဲ (၁) : သနားစရာ ဇာမနီလူသားတစ်ယောက်အဖြစ် ပြန်လည်မွေးဖွားခြင်း1

အခန်း (၁) : ပြန်လည်မွေးဖွားခြင်း

မှောင်မိုက်နေတဲ့ မိုးသည်းညတစ်ညမှာ ဖျော့တော့တော့ လမ်းမီးရောင်တွေဟာ လမ်းဘေးတစ်ချက်ဆီရှိ အလှစိုက်သစ်ပင်တွေပေါ်ကို ကျဆင်းနေသည်။ ထိုသစ်ပင်ပန်းမန်​များအပေါ်မှ ထင်ဟပ်လာ​သော ​အရိပ်​များဟာ ထိတ်လန့်စရာ နေရာတစ်ခုသဖွယ် ဖြစ်လို့နေလေသည်။ လူတစ်ယောက်ဟာဖြင့် ငှားရမ်းထားသော အခန်းကျဥ်းလေးထဲမှာ မျက်လုံးအစုံမှိတ်လျှက် ထိုင်ပြီး အတွေးလွန်နေ​လေ၏။ အပြင်ဘက်က ဝုန်းဒိုင်းကြဲနေသံတွေကပင် သူ့ကို မနှောင့်ယှက်နိုင်။

“ လုချီ ! မိမစစ်ဖမစစ်ကောင် ! တံခါးကိုဖွင့်လိုက်တာ ပိုကောင်းမယ် ! ပိုက်ဆံချေးပြီးတာနဲ့ ထွက်ပြေးလို့ရမယ် ထင်နေလား။ ဒီကမ္ဘာပေါ်မှာ လွယ်လွယ်ရတာ ဘာမှမရှိဘူး။ ချေးထားတဲ့ပိုက်ဆံရော အတိုးပါ ပြန်ဆပ်တော့ ! ယွမ်ငါးသောင်းကို တစ်ပြားမှမလျော့စေနဲ့ !”

ဒါက ဘယ်လိုဖြစ်သွားတာလဲ ……

ထိုလူက အဆုံးမှာတော့ သူ့မျက်လုံးတွေကိုဖွင့်လိုက်ပြီး ဖုန်းကိုယူကာ screen ကို အချိန်အတော်ကြာ စိုက်ကြည့်နေလေ၏။ သူ့လက်ချောင်းတွေက ပြသထားတဲ့ ရက်စွဲကို ပြင်းပြင်းထန်ထန် ပွတ်သပ်ပြီးနောက်မှာတော့ သူ လွန်ခဲ့သောငါးနှစ်က အတိတ်ကိုပြန်ရောက်နေတာကို ယုံကြည်လိုက်ရသည်။

မြို့ပေါက်စလေးကနေ မြို့ကြီးကိုပြောင်းရွေ့လာသော ပိုက်ဆံတစ်ပြားမှမရှိဘဲ အကြွေးတွေပိနေသည့် တက္ကသိုလ်ကျောင်းသားတစ်ယောက်။ အခြေအနေက ဆိုးရွားလွန်းတဲ့ပုံပေါ်နေပေမယ့် နောင်ငါးနှစ်မှာ ပိုင်ဆိုင်မှုတွေအတွက် ဟိုမင်ချန်ကိုလှည့်ဖျားဖို့​ကြိုးစားပြီး အတူသေပွဲဝင်ခဲ့ကြရတာနှင့်ယှဥ်လျှင်တော့ ဤအခြေအနေကမှ ပိုကောင်းနေသေးသည်။

အပြင်ဘက်က အတောမသတ်တော့သည့် အော်သံတွေကြောင့် လုချီ တံခါးဝဆီကိုလျှောက်လာရတော့သည်။ တံခါးကနေတစ်ဆင့် သူ့အသံက အပြင်ဘက်ကလူ၏နားထဲကို ရှင်းရှင်းလင်းလင်း ဝင်ရောက်သွား၏။

Don't Be a Kept Man ( Myanmar Translation )Where stories live. Discover now