Unicode
အခန်း (၄)
ဖြားယောင်းမှုကို ခုခံခြင်းဟော်မင်ချန်နှင့် ပက်သတ်သောအရာရာကို လုချီရှင်းရှင်းလင်းလင်းမှတ်မိနေပါသည်။ ဟော်မင်ချန်ပျော်အောင် ဘယ်လိုလုပ်ရမယ်၊ စိတ်တိုအောင် ဘယ်လိုလုပ်ရမယ်ဆိုတာ သူသိသည်။ ဟော်မင်ချန်ကို စိတ်ထိခိုက်စေတဲ့အရာနှင့် ဝမ်းနည်းစေတဲ့အရာတွေကိုလည်း ကောင်းကောင်းနားလည်သည်။ လုချီက ဟော်မင်ချန်အကြောင်းဆိုလျှင် သူ့အကြောင်းထက်ပင် ပိုသိသေး၏။
ထို့ကြောင့် ဒီလိုအခြေအနေမျိုးမှာဆိုလျှင်လည်း ဟော်မင်ချန်ကို ပြန်ချော့ရပေမည်။
လုချီ ကားကို ဟော်မင်ချန်အဆောင်အောက်မှာ ရပ်ကာ စကားစလိုက်၏။
“ ငါ အဆောင်ပြန်တော့မယ်။ မင်း သေချာပေါက် စောစောအိပ်ရမယ်နော်။ ”
ဟော်မင်ချန် ဆေးလိပ်ထပ်သောက်ချင်သော်ငြားလည်း ဘာကြောင့်မှန်းမသိ ဒီစိတ်ကူးကို မချိုးနှိမ်ပစ်လိုက်သည်။ လုချီစကားကိုပြန်မတုံ့ပြန်ခင်အထိ သူ့လက်ချောင်းတွေကို ဂနာမငြိမ်စွာ လိမ်ဖယ်နေမိ၏။
“ ငါ သိပါတယ် ”
အဆောင်အောက်မှာ ချစ်ခြင်းတွေပြသနေကြသည့် စုံတွဲတွေ အပြည့်ပင်။ သူတို့တွေက ပွေ့ဖက်ကြ နမ်းကြရင်း မနက်ခင်းထိအတူရှိနေဖို့ မျှော်လင့်နေကြလားမသိ။ ဟော်မင်ချန်တစ်ယောက် သူ့အရင်ကတော့ ဤချစ်ခြင်းမေတ္တာများကိုမြင်လျှင် စိတ်အနှောင့်အယှက်ဖြစ်လာတတ်သည်။ သို့သော်လည်း ယခုတော့…… ဒီခံစားချက်တွေကို နားလည်လာတတ်ပြီ။
ဟော်မင်ချန် ကားထဲက အနမ်းတစ်ခုအကြောင်းကို ပြန်တွေးမိသွားပြီး ရုတ်ခြည်းပဲ ကားမှန်ကိုချကာ ပြောလိုက်သည်။
“ ဒီနားလာခဲ့ ”
ဒီလိုနိုင်ထက်စီးနင်းနိုင်တဲ့အပြုအမူမျိုးကြောင့် ဟော်မင်ချန်က bottom တစ်ယောက်ဆိုတာ ယုံဖို့ခက်ခဲစေသည်။ လုချီအနားပြန်ကပ်လာရင်း ကားခေါင်မိုးပေါ်သို့ လက်မောင်းတစ်ဖက်ထောက်ရင်း ဟော်မင်ချန်ဘာလုပ်နေမှန်းနားလည်အောင် ကြိုးစားလိုက်ရသည်။
![](https://img.wattpad.com/cover/277260301-288-k740465.jpg)
BẠN ĐANG ĐỌC
Don't Be a Kept Man ( Myanmar Translation )
Lãng mạnAuthor(s) 碉堡rghh English Translation Winteree Translation Chapters 189 Chapters(Completed) 8 arc English Translation (on going ) Associated Names 不做软饭男 Fully credit to original author and english translator. This is just fan translation. Trans...