Chapter 16

1K 157 14
                                    

Unicode
အခန်း ( ၁၆ )
ပျော်ရွှင်ဖွယ် နှစ်သစ်ကူး

တကယ်ဆို အသင့်စားခေါက်ဆွဲနှစ်ပန်းကန်က အရွယ်ရောက်ပြီးသား ယောကျာ်းသားနှစ်ယောက်အတွက်တော့ မလောက်ငှပေ။ စားချင်စိတ်ကို လှုံ့ဆော်ပေးရုံသာရှိ၏။ သို့သော်လည်း ညလည်စာအတွက်ဆိုလျှင်တော့ လုံလောက်ပါသည်။ ညစာစားပြီးနောက်တော့ နှစ်ယောက်သား အိပ်ရာထက်မှာ ပျော်ရွှင်စွာ လူးလှိမ့်ကာ ဘဝကြီးကို ပျော်ရွှင်မှုအတိဖြင့် ဖြတ်သန်းကြလေသည်။

တရုတ်နှစ်သစ်ကူးနီးပြီဖြစ်လို့ မနက်ဖြန်ဆို ကျောင်းကလည်း တရားဝင်ပိတ်ပြီ။ ထို့ကြောင့် သူတို့၏နောက်ဆုံးစာသင်ချိန်တွင် ကျောင်းသားတိုင်း၏စိတ်က လွင့်ပျံနေကြပြီး ဘယ်ကိုခရီးထွက်မလဲဆိုတာကိုပဲတွေးတောနေကြကာ စာသင်ပြတာကို ဘယ်သူမှနားမထောင်ကြပေ။ လုချီလည်း အိမ်ပြန်ဖို့ရာ ရထားလက်မှတ်ဖြတ်ထားပြီး သူ့နှလုံးသားက ထူးထူးဆန်းဆန်း စိတ်လှုပ်ရှားနေကာ အိမ်အမြန်ပြန်ချင်စိတ်သာ ပြင်းထန်နေလေသည်။

ဘဏ္ဍာရေးသင်တန်းက စောစောပြီးသွားတာကြောင့် ဟော်မင်ချန်က စာရင်းကိုင်စာသင်ခန်းထဲသို့ အရှက်မရှိ အပြေးလာပြီး ထိုင်နေတော့သည်။ သူတို့နှစ်ယောက်လုံးက အလွန်အမင်းချောမောလွန်းသော အမျိုးသားများဖြစ်တာကြောင့် အကြည့်အချို့ကို အနောက်တန်းသို့ ဆွဲဆောင်နိုင်သွားသည်။

ဟော်မင်ချန်က ဂိမ်းပတ်ဆော့ပြီးသည်နှင့် ငိုင်တွေနေသော လုချီကိုလှည့်ကြည့်လိုက်၏။ အထူးသဖြင့် လုချီအကြည့်က စင်ပေါ်တွင် အားတက်သရောစာရှင်းပြနေသည့် ပါမောက္ခထံတွင်မရှိနေသည်မှာ အသိသာပင်။ ဟော်မင်ချန်က သူ့ခေါင်းကိုလက်ပေါ်တင်ကာ စားပွဲပေါ် တံတောင်ဆစ်ဖြင့်ထောက်လျှက် ရုတ်တရက်စပ်စုလိုက်၏။

“ ဝိုး ကျောင်းသားကောင်းကြီးက စာသင်တာကို နားမထောင်နေဘူးပဲ။ ဒီမှာထိုင်ပြီး ငေးငိုင်ရင်း ဘာတွေများတွေးနေတာလဲ။ ”

လုချီက လက်တွေ့ကိုပြန်ရောက်လာပြီး သူ့ခေါင်းကိုအသာယမ်းလိုက်၏။

“ ဘာမှမဟုတ်ဘူး ”

ဟော်မင်ချန်ကတော့ သေချာပေါက်မယုံပေ။

Don't Be a Kept Man ( Myanmar Translation )Where stories live. Discover now