Chapter 17

874 171 3
                                    

Unicode
အခန်း (၁၇)
ရန်သူအားလုံးကို လွှတ်ပေးမယ့်အစား အမြစ်ဖြတ်ချေမှုန်းပါ

လုချီ၏အိမ်က တတိယအဆင့်​ပြည်နယ်ထဲက မြို့ငယ်လေးအတွင်းမှာ တည်ရှိ၏။  ရထားအလီလီပြောင်း၊ လမ်းအသွယ်သွယ်ကိုဖြတ်ကာ အကြိမ်ပေါင်းတစ်သန်းလောက် ကွေ့ပတ်သွားပြီးအဆုံးမှာတော့ သူ့မှတ်ဉာဏ်တွေထဲမှာ ရင်းနှီးကျွမ်းဝင်နေ​သော မြင်ကွင်းကို တွေ့ရလေပြီ။ လမ်းများထက်မှာ သွားလာလှုပ်ရှားနေသော လူများ၊ မော်တော်ဆိုင်ကယ်များ၊ စက်ဘီးများနှင့် ရံဖန်ရံခါ ယာဥ်ကြောပိတ်ဆို့မှုများကို ဖြစ်ပေါ်စေသော ကားများဖြင့် ပြည့်ကျပ်နေသည်။

လုချီက ပေါ့ပေါ့ပါးပါး ထုတ်ပိုးသိမ်းဆည်းလာခဲ့တာကြောင့် ခရီးဆောင်အိတ်တစ်လုံးသာ ဆွဲလာရ၏။ သူ၏ပုံပန်းသွင်ပြင်က ပတ်ဝန်းကျင်နှင့် အလွန်အမင်းကွဲပြားနေသည့်တိုင် ဒီနေရာက သူကြီးပြင်းခဲ့သည့်နေရာပင်။ သူ့ကျောပေါ်က ဝန်ထုပ်ဝန်ပိုးတစ်ခုဟုတွေးကာ ဝေးရာသို့ထွက်ပြေးဖို့ရန်အတွက် အသည်းအသန်ကြိုးစားခဲ့ရသော နေရာတစ်ခု။ သို့သော်လည်း သွေးဖြင့်ချည်နှောင်ထားသောနေရာတစ်ခုကနေ လွတ်မြောက်ဖို့ဆိုတာတော့ လုံးဝမဖြစ်နိုင်ပါ။

အဆောက်အဦး၏ ဒီဇိုင်းက သိပ်အကောင်းကြီးမဟုတ်သလို လှေကားများကလည်း အရောင်မှိန်ကာ ကျဥ်း​မြောင်းနေသေး၏။ နံရံများမှာလည်း ကြော်ငြာပိုစတာများနှင့်ပြည့်နေပြီး ကျဥ်းလွန်းတာကြောင့် လမ်းလျှောက်ဖို့တောင် အနိုင်နိုင်ပင်။ ထောင့်နားတွေမှာလည်း ကြောင်တို့ ခွေးတို့လို တိရစ္ဆာန်အကောင်များ၏ မစင်ပုံများလည်း ရှိသေးသည်။

လှေကားသုံးထစ်က လုချီ၏ ပုံမှန်နှစ်လှမ်းစာသာရှိသည်။ လုချီ သူ့၏ခရီးဆောင်အိတ်ကိုဆွဲမြှောက်ကာ လှေကားပေါ်သို့အမြန်တက်လိုက်တော့ အပြင်ထွက်လာသည့် လုယွမ်နှင့် ဝင်တိုက်မိသွား၏။

“ အား… နင် ဘာလို့ ဒီလောက်အစောကြီးပြန်လာတာလဲ။ ငါ နင့်ကို လမ်းဆုံမှာလာကြိုမယ်လို့ မှာထားတာမဟုတ်ဘူးလား။ ”

လုချီက လုယွမ် သူ့ခရီးဆောင်အိတ်အား လှမ်းဆွဲတာကိုရှောင်လိုက်ပြီး သူမပုခုံးကိုတွန်းကာ အိမ်ထဲဝင်လိုက်၏။

Don't Be a Kept Man ( Myanmar Translation )Donde viven las historias. Descúbrelo ahora