Unicode
အခန်း ( ၂၆ )
နိုးထခြင်းဟော်ယွမ်ကွမ်က သူ့ကိုယ်သူ ကောင်းကောင်းလုံအောင် ဖုံးကွယ်ထားနိုင်ပြီဟု တွေးနေခဲ့၏။ သို့သော်လည်း ဟော်မင်ချန်က သူလုပ်ခဲ့သမျှအကုန်သိနေပြီမှန်း သူမသိသေးချေ။ ကုမ္ပဏီရန်ငွေပုံငွေတွေထဲက သဲ့ထုတ်ထားသောပိုက်ဆံများနှင့် အခြားဘုတ်အဖွဲ့ဝင်များ၏ ရှယ်ယာများကိုဝယ်ကာ ကျန်းဇီချန့်နှင့် သူ့ဇနီးကို ငွေပေးနှုတ်ပိတ်ခဲ့၏။ အခုအချိန်မှာ ဟော်မင်ချန် စောင့်နေဖို့ပဲလိုတော့သည်။ သူ နည်းနည်းကြာကြာထပ်စောင့်လေ ဗျာများနေသော ဟော်ယွမ်ကွမ်က သက်သေတွေ ပိုဖော်လာလေပင်။
ဟော်မင်ချန်မှာ မိသားစုအိမ်တော်မှာနေဖို့ အမိန့်ချခံထားရတာကြောင့် လုချီနှင့် တွေ့ဖို့ရာလမ်းမမြင်တော့။ နှစ်ယောက်သား အခန်းထဲမှာ video call ပဲပြောနိုင်တော့သည်။ လူအလုံးအထည်လိုက် မထိတွေ့ရ၊ ဘာမှမလုပ်ရတာထက်တော့ ပိုကောင်းသည်ပေါ့။
လုချီ၏မျက်နှာက ကင်မရာပေါ်မှာတောင် အဆင်ပြေ၏။ အကြောင်းကမူ သူ့ရုပ်ရည်သွင်ပြင်ကိုက အချိုးကျလွန်းတာကြောင့် ဘယ်ရှုထောင့်ကနေပဲကြည့်ကြည့် ဘာပြစ်ချက်မှရှာမရပေ။ တကယ့်ကို ၃၆၀ ဒီဂရီမျက်နှာ၏ တိုကင်ပြားပါပဲ။ လုချီက ဆံပင်ရေစက်လက်နှင့် ရေချိုးခန်းထဲမှထွက်လာတော့ သူပုံ Screen မှာပေါ်တာလာနှင့် လုချီ၏ချောမောမှုကြောင့် မှင်သက်သွားမိသည်ကို ဟော်မင်ချန် မငြင်းနိုင်ပါ။
သူက နောက်မှီရင်း လုချီမျက်နှာနှင့် ခန္ဓာကိုယ်ကို ကျေကျေနပ်နပ်ကြီး ရှုစားနေ၏။ သူ့အပိုင်ပစ္စည်းတစ်ခုခုကိုကြည့်နေသည့်နှယ် သူ့မျက်လုံးများက ပိုင်စိုးပိုင်နင်းနှင့်။
“ မင်းတို့မိသားစုရဲ့ မျိုးရိုးဗီဇက မနိမ့်ဘူးပဲ။ မင်းက အမေနဲ့တူတာလား။ ?”
“ လုယွမ်က အမေနဲ့တူတာ။ ငါက အဖေနဲ့တူတာဖြစ်မယ်။ ”
သူ့အဖေက သူ ဗိုက်ထဲကမထွက်ခင်ကတည်းက ဆုံးပါးသွားခဲ့သည်။ သူ့အဖေကို ဘယ်တုန်းကမှ မမြင်ဖူးခဲ့သလို အိမ်မှာလည်း ဓာတ်ပုံလေးတစ်ပုံတောင် မရှိ။ မားမားလုက သူတို့အဖေနှင့်ပတ်သက်သမျှ အကြောင်းချင်းရာများကို အရိပ်အမြွတ်တောင်ပြောမပြသလို သူကလည်း မေးရမှာ ပျင်း၏။
![](https://img.wattpad.com/cover/277260301-288-k740465.jpg)
ВЫ ЧИТАЕТЕ
Don't Be a Kept Man ( Myanmar Translation )
Любовные романыAuthor(s) 碉堡rghh English Translation Winteree Translation Chapters 189 Chapters(Completed) 8 arc English Translation (on going ) Associated Names 不做软饭男 Fully credit to original author and english translator. This is just fan translation. Trans...