Unicode
အခန်း (၈)
ရန်ပွဲသူတို့နှစ်ယောက်လုံး ရေချိုးလို့ပြီးတော့ အိပ်ရာဝင်ဖို့ပြင်ကြလေသည်။ ထိုအချိန်မှာပဲ ဟော်မင်ချန်ဖုန်းက ရုတ်တရက် မြည်လာသည်။ ဟော်မင်ချန်က ဖုန်းမျက်နှာပြင်ကို အတော်ကြာအောင် စိုက်ကြည့်နေပြီးမှာ လုချီကိုလှမ်းပြောလာ၏။
“ ငါ အပြင်ထွက်ပြီး ဖုန်းပြောလိုက်ဦးမယ်။ ”
ဟော်မင်ချန်က စောင်ကိုဆွဲဖယ်ကနေ အိပ်ရာထဲမှထကာ လသာဆောင်ဆီသို့ ထွက်သွား၏။
ဟော်မင်ချန်က လုချီမသိသော လူတစ်ယောက်နှင့် ဖုန်းပြောနေတာပင်။ ကာရံထားသော မှန်တံခါးမှတစ်ဆင့် ဟော်မင်ချန်တစ်ယောက် မျက်နှာသုန်မှုန်နေတာကို မြင်နေရသည်။ ဟော်မင်ချန်က လက်တစ်ဖက်ကို အိတ်ထောင်ထဲထည့်ပြီး လသာဆောင်မှာ ခေါက်တုန့်ခေါက်ပြန် လမ်းလျှောက်နေသေးသည်။
ဟော်မင်ချန်က ခေါင်းတဆတ်ဆတ်ညိတ်ကာ တစ်ဖက်ကလူနဲ့ ငြင်းခုံနေ၏။ လုချီ သူ့ကို အချိန်အတော်ကြာကြည့်နေပြီးမှ သူ့ဖုန်းကိုသာ ပြန်အာရုံစိုက်နေလိုက်တော့သည်။
ညတာက နည်းနည်းလေး အေးလာပြီ။ ဟော်မင်ချန် အိပ်ရာထဲပြန်ဝင်လာတော့ သူ့ကိုယ်နဲ့အတူ အေးစက်နေတဲ့လေတွေပါ စောင်ထဲသို့ ကပ်ပါလာ၏။ သူက လုချီတစ်ကိုယ်လုံးကို ရေဘဝဲရဲ့ခြေတံလက်တံတွေကဲ့သို့ ဖက်တွယ်ကာ ပျင်းတိပျင်းရွဲ့နဲ့ ဆိုလာသည်။
“ ငါ့အစ်ကိုကြီးက ဒီတစ်ပတ်ပိတ်ရက်ကျရင် အိမ်ပြန်လာဖို့ ဖုန်းဆက်တာ။ ”
လုချီ နာရီကိုတစ်ချက်လှမ်းကြည့်ရင်း အရင်ဘဝက ဒီအချိန်မှာ ဘာတွေဖြစ်ခဲ့သလဲဆိုတာကို ပြန်စဥ်းစားကြည့်လိုက်၏။ ဟော်မင်ချန်၏ဒုတိယဦးလေးက နိုင်ငံခြားကနေ ပြန်လာမှာပင်။ ထိုလူအကြောင်းကိုပြောရလျှင် ဟော်မင်ချန်တို့မိသားစု၏ စီးပွားရေးနှင့် ကံတံရားဟာ ဒီဦးလေး၏အကူအညီဖြင့်သာ တိုးတင်လာပေလိမ့်မည်။
ဟော်မင်ချန်က သူတို့မိသားစုမှာ ဒုတိယအကြီးဆုံးပင်။ သူ့မှာ ဟော်မင်ချန်းလို့ခေါ်သည့် အစ်ကိုကြီးတစ်ယောက်ရှိသေးသည်။ အရင်ဘဝမှာတော့ ဟော်မင်ချန်အဘိုး အငြိမ်းစားယူသွားတော့ ဟော်မင်းချန်းက အမွှေဆက်ဆံခံခဲ့၏။ သူ့လက်ထက်မှာ မိသားစုစီးပွားရေးဟာလည်း တိုးတက်အောင်မြင်လာခဲ့သည်။ ဘယ်သူသိမှာနည်း။ တစ်နှစ်အကြာမှာ ဟော်မင်ချန်းက ကားတိုက်မှုဖြစ်ပြီး သေသွားခဲ့သည်လေ။ ဒီသတင်းကို လက်မခံနိုင်တဲ့သူတို့အဘိုးဟာလည်း မကြာခင်မှာပဲ ဆုံးပါးသွားခဲ့တော့၏။
![](https://img.wattpad.com/cover/277260301-288-k740465.jpg)
CZYTASZ
Don't Be a Kept Man ( Myanmar Translation )
RomansAuthor(s) 碉堡rghh English Translation Winteree Translation Chapters 189 Chapters(Completed) 8 arc English Translation (on going ) Associated Names 不做软饭男 Fully credit to original author and english translator. This is just fan translation. Trans...