Chapter 2

1.7K 270 6
                                    

Unicode
အခန်း (၂)
စစ်သင်တန်း

လူတွေဟာ အမြဲတမ်းအသက်ရှင်သန်လိုစိတ်ကြတယ်။ မင်းတို့ပါးစပ်ကနေ အသက်မရှင်ချင်တော့ပါဘူးလို့ ညည်းညူနေပေမယ့် မင်းတို့ခန္ဓာကိုယ်ကတော့ ရိုးရိုးသားသားပဲ ဆက်လက်ရှင်သန်နိုင်မယ့်နည်းလမ်းတွေကို ကြိုးကြိုးစားစားရှာဖွေနေကြလိမ့်မယ်။

လုချီတစ်ယောက် ဟိုတယ်ကနေ လက်ဗလာနှင့်ထွက်လာခဲ့ရပြီး သူ့အရိပ်ကတောင် သနားစရာပုံပေါက်လို့နေသည်။ ညကြီးမင်းကြီးပဲ အိမ်ပိုင်ရှင်ကို အခန်းဆက်မငှားတော့ကြောင်း ဆက်သွယ်လိုက်သည်။ ​ကျောင်းဖွင့်ရက် ဒုတိယနေ့အထိစောင့်ပြီး အဆောင်မှာနေဖို့ သူစဥ်းစားထားသည်။ ထို့နောက် အချိန်ပိုင်းအလုပ်ရှာရမည်။ အကယ်၍ အလုပ်ရှာမရလျှင်လည်း ချေးထားတဲ့ ယွမ်ငါးသောင်းပြန်ဆပ်ဖို့ သူ့ကျောက်ကပ်ကို ထုတ်ရောင်းလိုက်ရုံပဲ။

​ဟော်မင်ချန်က သူ့ကိုယ်ကို ဟိုတယ်ပြတင်းပေါက်မှာ မှီလျှက် အပြင်ကိုလှမ်းကြည့်ရင်း ဖုန်းနံပါတ်တစ်ခုကို ခေါ်လိုက်၏။ အပြင်ဘက်က တဝေါဝေါတိုက်ခတ်နေသည့်လေတွေက သူ့စီးကရက်က မီးခိုးငွေ့တွေကို ရိုက်ခတ်လာပြီး မီးစက နီရဲလာကာ မီးခိုးတွေကဟာလည်း စက်ဝိုင်းတစ်ခုလို သူ့ဘေးမှာ ဝေ့ဝဲလျှက်သား။

သည်းထန်စွာ ရွာသွန်း​နေ​သော မိုးသက်မုန်တိုင်း၏ အသံက သူ့ဖုန်းထဲက လှောင်ရယ်သံကို ဖုံးမသွားနိုင်ပေ။

"ဟား ဟား ဟား ဟား... ငါမယုံနိုင်ဘူး။ ရယ်ရလွန်းလို့ သေတော့မှာပဲ။ အဲ့ဒီကောင်က မင်းကို ဟိုတယ်ခေါ်သွားပြီး အခန်းငှားပေးပြီးတာနဲ့ ထွက်သွားတယ်ပေါ့။ ဘာမှမဖြစ်လိုက်ရဘူးလား။ ငါပြောမယ် ​ဟော်အာ မင်း အဖြောင့်တစ်ယောက်ကို မရှာမိတာ သေချာရဲ့လား။ ဒါမှမဟုတ် မင်းရဲ့ဆွဲဆောင်မှုတွေ ကျသွားတာများလား။ "

ဖန်းချီက နံရံကိုလက်သီးနှင့်ထိုးရင်း မျက်ရည်တွေကျတဲ့အထိ အတောမသပ်နိုင်အောင် ရယ်လေ၏။ ဒီဟော်မင်ချန်က အမြဲတမ်းချောမောကြည့်ကောင်းနေတတ်ပြီး ကလေးဘဝကတည်းက အခုအချိန်အထိ သူ့အချစ်ကိုရဖို့ လိုက်ပိုးပန်းနေတဲ့သူတွေဆိုတာလည်း ဘယ်တုန်းကမှ ပျက်တယ်မရှိခဲ့ဘူး။ ဒီကောင် အခုလိုမျိုး ကျရှုံးသွားတယ်ဆိုတာ အခုထိ မယုံနိုင်သေးဘူး။

Don't Be a Kept Man ( Myanmar Translation )Where stories live. Discover now