8

227 51 3
                                    

(Unicode)

"မသွားရဘူး"

"ကျွန်တော် မလိုက်ရင် အမှတ်တွေလျော့မှာ hyung"

"ငါမင်းကိုပြောနေတယ်လေ မသွားရဘူးလို့"

"ဟုတ်"

အကြောင်းက အခြားတော့မဟုတ် လေ့လာရေးခရီးသွားရမည်ဖြစ်ကြောင်းကို Junkyu အားခွင့်တောင်းမိခြင်း မှ ဤသို့ စိတ်ဆိုး၍ အော်နေခြင်းဖြစ်သည်။
မျက်နှာပျက်စွာ ထွက်သွားတဲ့ ထိုကောင်လေးရဲ့ ကျောပြင်ကို Junkyu ငေးကြည့်မိသည်။
အမှန်ဆို သူမလွှတ်စရာအကြောင်းမရှိ ကျောင်းအတွက်သွားရသည်ဘဲ..
ဒါကို မလွှတ်ချင်တဲ့အကြောင်းအရင်းက Jihoon ဆိုတဲ့ကောင်လေးကြောင့်ပင်
ဘာကြောင်းမှန်းမသိ ထိုကောင်လေးနဲ့ Mashiho နဲ့တွဲမြင်မိကတည်းက စိတ်တွေကယောက်ဂယက်ဖြစ်နေတာတော့အမှန်ပင်။

"စိတ်မကောင်းဖြစ်သွားတာသိပေမယ့် ငါမင်းကို မလွှတ်နိုင်ဘူး.."

အခန်းထဲကထွက်သွားပြီဖြစ်တဲ့ ကောင်ငယ်လေးက မကြားနိုင်တော့ပေမယ့်
Junkyu တစ်ယောက်ယောက် တိုးတိုးလေး ပြောဖြစ်လိုက်ပါသေးသည်။

အတွင်းရေးမှူးကို ရှာခိုင်းထားတာ ၅ရက်လောက်ရှိပြီမို့ထူးခြားတာများရှိနေသလား ph ဆက်ကြည့်ရဦးမည်..

"အတွင်းရေးမှူးချွဲ.. ဘာတွေသိရပြီလဲ"

"ဘာမှရေရေရာရာ တော့မသိရသေးဘူး
ကောင်လေးက ဂျပန်လူမျိုး မိသားစုက အရမ်းချမ်းသာတာကောင်လေးအဖေက TAKATA လုပ်ငန်းစုရဲ့CEO ကောင်လေး မွေးပြီး ၁နှစ်သားအရွယ်မှာ ဘူချွန်ကို မိသားစုလိုက်ပြောင်းလာတာ
ကောင်လေး ၁၁နှစ်သားအရွယ်မှာ သူ့အဖေရော အမေရောအဘိုးရောဆုံးသွားတာ အကြောင်းရင်းကတော့ သေချာမသိရသေးဘူး
နောက်ထပ်ထူးဆန်းတာက သူတို့မိသားစုအရင်နေခဲ့တဲ့အိမ်က သူဌေးလေးတို့ အရင် ဘူချွန်မှာနေခဲ့တဲ့ အိမ်နဲ့ဘေးချင်းကပ်ရပ်ဘဲ..ကောင်လေးက သူ့အဖေအမေ အဘိုး ဆုံးတဲ့အချိန် ဓားထိုးခံရလို့ ဆေးရုံတက်နေတက်နေရတယ် ဆေးရုံက သုံးလလောက်တက်လိုက်ရတယ် ကျန်တာအသေးစိတ်မသိရသေးပါဘူး သူဌေးလေး"

အတွင်းရေးမှူး ချွဲရဲ့ ရှင်းပြသံအဆုံးမှာ Junkyu သက်ပြင်းသဲ့သဲ့ချလိုက်သည်။
သူငယ်ငယ်ကဘာတွေဖြစ်ခဲ့တာလည်း အခုသူဘာမှမမှတ်မိဘူး..
ဒါဟာအရမ်းစိတ်ရှုပ်စရာကောင်းတယ်..

Don't Forget {Mashikyu} (Uni & Zaw) (Completed) Where stories live. Discover now