(Unicode)
"မေမေကြီး ဘာပြောမလို့လဲ?"
ကိုကိုက အလုပ်သွားသောကြောင့် အိမ်ထဲတွင် Mashiho ရယ် Junkyu အမေရယ်သာရှိသည်။
Junkyu အမေက Mashiho ကို အရင်လိုအလုပ်တွေမခိုင်းတော့ဘဲ သားအရင်းလိုဆက်ဆံသည် ချစ်လည်းချစ်သည်
ဒီနေ့ ပြောစရာရှိ၍ ဆိုပြီး ခေါ်သောကြောင့်
ဧည့်ခန်းထဲက ဆိုဖာပေါ်တွင် နှစ်ယောက်သား မျက်နှာချင်းဆိုင် ထိုင်နေကြခြင်းဖြစ်သည်။"သားလေးက အတိတ်ကို သတိရလာတော့မယ်"
ကျွန်တော်ပျော်သွားသည်က အမှန် ကိုကိုပြန်မှတ်မိလာရင် ပိုကောင်းတာပေါ့..
သို့သော်လည်း မေမေကြီးရှေ့မှာမို့ မျက်နှာကိုပြန်ပြင်ကာ မေမေကြီးစကားကိုသာ အာရုံစိုက်နားထောင်လိုက်သည်။"မေမေကြီးပြောသင့်လားမသိပေမယ့်
Mashi ကတော့ သိထားသင့်တာမို့ ပြောပြပါမယ်..ပြီးတော့မေမေကြီးက ကြိုတောင်းပန် ထားပါရစေ""ဟုတ်"
"အဲ့နေ့က..."
(flashback)
"သား ဘာဖြစ်လာတာလဲ လက်မှာသွေးတွေနဲ့"သူမဟာ တုန်ယင်စွာပြန်လာနေတဲ့ သားငယ်ကိုကြည့်တာ ဖြစ်စဥ်ကိုမေးမြန်နေသည်..
သို့သော် ကောင်လေးက နုနယ်လွန်းသည်ကြောင့်
တစ်စုံတရာကို ကြောက်ရွံ့နေသလို.."မေမေ ငယ်လေး..ငယ်လေး..သားကြောင့် အဟင့်"
"ဘာဖြစ်တာလဲ မေမေ့ကို မြန်မြန်ပြော"
"မသိဘူး..လူဆိုးတွေ ငယ်လေးကို ဓားနဲ့ထိုးနေတယ် အီးဟီး မေမေ"
"ဘာ!!သားက ငယ်လေးကိုတစ်ယောက်တည်းထားခဲ့တာလား?"
"သားမသိဘူး မေမေ မြန်မြန် ရဲခေါ်ပေး!!"
ထိုကောင်လေးက တစ်ကိုယ်လုံးတုန်ရီနေသည်။
ထိုကြောင့်သူမဟာ အမြန်ဆုံးရဲစခန်းကိုအကြောင်းအကြာကာ mashi မိဘများဆီဆက်သွယ်တော့ အရေးပေါ်ခန်းထဲရောက်နေပြီတဲ့လေ..
သို့သော် Junkyu ကတော့ တုန်လှုပ်နေဆဲပင်.."မေမေ ငယ်လေးသေလို့မဖြစ်ဘူးနော်
မဟုတ်ဘူး ဒါက ငါ့ကြောင့် ငါထားခဲ့လို့""သားစိတ်ထိန်းလေနော် သားကြောင့်မဟုတ်ဘူးနော် အခုမေမေတို့ ရဲစခန်းကိုဆက်ပြီးပြီ
Mashi လေးတို့အိမ်ကလည်းအရေးပေါ် ဆေးရုံပို့နေပြီနော်"
YOU ARE READING
Don't Forget {Mashikyu} (Uni & Zaw) (Completed)
Fanfiction(Uni) "hyung ကြီးလာရင် ကျွန်တော့်ကို လက်ထပ်မှာလား?" "သေချာပေါက် လက်ထပ်မှာပေါ့.." "ဒါဆို ကတိ" "အင်း...ကတိ" (Zawgyi) "hyung ကြီးလာရင် ကျွန်တော့်ကို လက်ထပ်မှာလား?" "သေချာပေါက် လက်ထပ်မှာပေါ့.." "ဒါဆို ကတိ" "အင်း...ကတိ"