(Unicode)
"အေး ငါ့ကောင်ကြီးပြောပါဦး..တစ်ခါမှတောင် ph မဆက်ဖူးဘဲနဲ့များ ဘာကိစ္စ လဲ"
"အေး Junkyu ရာ ငါမင်္ဂလာဆောင် တော့မလို့
မင်းကိုPh နဲ့လှမ်းဖိတ်တာ မင်းအိမ်ကိုမလာအားလို့""အမယ် ငါ့ကောင်ကြီးတောင် ယူတော့မှာပေါ့"
"ဟုတ်တယ်.. အမေကအတင်း Blind date လုပ်ခိုင်းပြီး ပေးစားတာဟေ့..ဒါနဲ့မင်းရော Sooနဲ့တွဲနေသေးလား?"
"အေး တွဲနေသေးတယ် ဘာလို့လဲ"
"စကားကြုံလို့ပြောရဦးမယ်.. မင်းတစ်မျိုးတော့မထင်နဲ့ကွာ ဟိုရက်ကငါတို့ Wedding အတွက် ပစ္စည်း တွေသွားဝယ်တော့Soo နဲ့ကောင်လေးတစ်ယောက်ကိုတွဲတွေ့လိုက်တယ်..ရိုးရိုး တော့မဟုတ်ဟ Sooက အသေကပ်ချွဲနေတာ ဘဲကြီးကအလန်းနော်...ငါတောင်မင်းနဲ့ ပျက်သွားပြီထင်နေ တာ"
"နားစမ်းပါဟာ..ငါလည်းအရမ်းစိတ်ကုန်နေပြီ ဒီလိုသူ့ဘတ်က အရင်ဖောက်ပြန်တော့လည်း ဖျက်ရတာလွယ်သွားတာပေါ"
"အေးပါငါ့ကောင်ကြီးရာ..26ရက်နေ့နော် လာဖြစ်အောင်လာခဲ့..ပါတနာအသစ်လေးပါခေါ်လာ..ဟားဟား"
"အေးပါကွာ..ဒါဘဲ ငါအလုပ်ရှိသေးလို့"
"အိုဂေ ဘိုင်ဘိုင် ငါ့ကောင်ကြီးရေ"
Jaehyuk ကျေးဇူးကြောင့် Soo ရဲ့ဖောက်ပြန်နေမူကြီးသိလိုက်ရ..
သိပ်တော့ဝမ်းမနည်းလိုက်ပါဘူး..နှစ်အနည်းငယ်တွဲခဲ့တယ်ဆိုတော့ သံယောဇဉ်အနည်းငယ်တော့ရှိသား.."Soo ကိုယ်တို့မနက်ဖြန် တွေ့ရအောင်"
သူမဆီသို့ messages လှမ်းပို့ပြီး လုပ်စရာရှိတာ လုပ်နေလိုတယ်..
သိပ်မကြာလိုက် လင်းလာသော ph screen နဲ့အတူ
"အိုခေ 💙" ဆိုပြီး စာလေးဝင်လာသည်..
စာကိုလှမ်းကြည့်ပြီး Junkyu ကျေနပ်စွာ ပြုံးလိုက်သည်.
စိတ်ထဲတွင်တော့ မနက်ဖြန်တွေ့ဆုံခြင်းက နောက်ဆုံးဘဲ ဆိုပြီးတေးထားလိုက်သည်။
.............................................
"Jihoon hyung ကျောင်းလေ့လာရေးခရီး လိုက်မှာလား?""လိုက်မှာပေါ့..ဘာလဲ Mashi ကမလိုက်ဘူးလား?"
"လိုက်ချင်တယ်..ဒါပေမယ့် ကိုကို့ ကိုခွင့်တောင်းရဦးမှာ"
YOU ARE READING
Don't Forget {Mashikyu} (Uni & Zaw) (Completed)
Fanfic(Uni) "hyung ကြီးလာရင် ကျွန်တော့်ကို လက်ထပ်မှာလား?" "သေချာပေါက် လက်ထပ်မှာပေါ့.." "ဒါဆို ကတိ" "အင်း...ကတိ" (Zawgyi) "hyung ကြီးလာရင် ကျွန်တော့်ကို လက်ထပ်မှာလား?" "သေချာပေါက် လက်ထပ်မှာပေါ့.." "ဒါဆို ကတိ" "အင်း...ကတိ"