16

225 41 0
                                    

(Unicode)

ည 10 နာရီ။
အရင်ကဒီအချိန်ထိ Junkyu တစ်ခါမှနောက်မကျဖူးသည်မို့ Mashi တစ်ယောက် အိပ်၍ပင်မပျော်နိုင်။
ခက်တာက Mashi မှာ ဖုန်းမရှိခြင်းပင် အိမ်ဖုန်းရှိသော်လည်း ကိုကို ဖုန်းနံပါတ်သူမမှတ်မိပေ။
ဟူး ကိုကိုရာ ဘာတွေများလုပ်နေပါလို့ ကြာနေပါလိမ့်..
Mashi စောင်းနေရင်း တစ်ချက် ငိုက်မိသွားသည်
ထိုချိန် ခြံထဲ ကားဝင်လာသည့် အသံကြားသည်မို့
အိမ်တံခါးဖွင့်ကာ ကိုကိုအလာကိုထွက်ကြိုရန် ပြင် လိုက်သည်။
သို့သော် ကိုကိုသည် တစ်ယောက်တည်းမဟုတ်
ကိုကို့ဘေးတွင် Soo ရှိနေသည်။

"Arr. .Mashi လေး Junkyu အရမ်းမူးနေတယ် တွဲပါဦး"

"ဟုတ်"

"ကိုကိုလာ အထဲသွားရအောင်"

"မမ ပြန်ပြီနော်သေချာဂရုစိုက်လိုက်ဦး"

"ဟုတ်ဟုတ် ကောင်းကောင်းပြန်ပါ"

soo ကနူတ်ဆတ်ပြီးပြန်သွားသော်လည်း Mashi ရင်ထဲတွင် အပူမီးများ ပူလောင်နေသည်။
ဘာ ကိစ္စ တွေအဆင်မပြေတာများရှိလို့ ဒီလိုသောက်နေရတာလဲ?
စိတ်က မေးချင်သော်လည်း နူတ်ခမ်းက မေးမထွက်။

"ကိုကို"

"ဟင်..Mashi လား? အဟင့် အဟင့်"

"ကိုကို ဘာလို့ ငိုနေတာလဲ?"

အခန်းထဲတွင် နေရာတကျ ချပေးနေတုန်း ထငိုသည်မို့ Mashi လန့်ဖြတ်သွားရသည်။

"ကိုကိုတောင်းပန်ပါတယ်"

"ဘာလို့လဲ?"

"ငယ်လေးကို မမှတ်မိခဲ့လို့လေ"

"အတိတ်တွေကိုသတိမရပေမယ့် လက်ရှိမှာ ကိုကို ကျွန်တော့်ကိုချစ်တယ်မလား"

"ချစ်တာပေါ့ ငယ်လေးရယ် ချစ်တာမှတုန်နေရဲ့"

"အဲ့ဆိုရပြီလေ..ချစ်ရင် ကျန်တာမလိုတော့ဘူး"

"ဒါပေမယ့်..."

စကားလုံးတို့ကို Mashi ကပြောခွင့်မပြုဘဲ နူတ်ခမ်းပေါ် လက်ညိုးတင်လိုက်သည်။

"ရူး..ဒါပေမယ့်ဆိုတဲ့ စကားရဲ့နောက်ကအကြောင်းအရာတွေ မသိချင်တော့တာမို့ အိပ်တော့နော် မနက်ခေါင်းကိုက်နေမယ်"

Don't Forget {Mashikyu} (Uni & Zaw) (Completed) Where stories live. Discover now