4

247 55 3
                                    

(Unicode)

"သားအဝတ်တွေလျှော်စရာရှိသေးလား?"

ညနေစာစားနေရင်းမေးလာသောမေမေ
ကြောင့်
စားနေရင်းပင်ခေါင်းငြိမ့်ပြလိုက်သည်..
ဒီနေ့ တစ်ရက်လုံး ထိုကောင်လေးကို ကျောင်းပို့ချိန်နဲ့ ကျောင်းဆင်း၍ သွားကြိုချိန် ထိုနှစ်ချိန်သာတွေ့ရသေးသည်
ခါတိုင်းရက်တွေဆိုလျှင် ညနေထမင်းစားချိန်တိုင်း
သူလေးကဘေးမှာစောင့်နေတက်သည် ဒီနေ့တော့ စာမေးပွဲနီးလာ၍ စာလုပ်ရမည်ဆိုသော အကြောင်းပြချက်ကြောင့် mashi အဖွားဖြစ်သူ
သာလျှင်စောင့်နေပေးသည်..
ထိုကြောင့်လည်း စိတ်ကသိပ်မကြည်ချင် ဘာကိုအလိုမကျဖြစ်နေမှန်းမသိ ကိုယ်တိုင်လည်းနားမလည်နိုင်။

"အဲ့ဆိုသားအခန်းထဲက အဝတ်တွေပါတစ်ခါတည်းယူပြီးလျှော်ပေးပါနော် အဖွား"

အဝတ်လျှော်စက်မသုံးသည်အတွက် အဝတ်တွေကို လက်နှင့်သာ လျှော်သောကြောင့် အဖွားကိုမေမေက လျှော်ခိုင်းနေလေသည်။
အရင်ကဆိုလျှင် အိမ်အကူမရှိသည့် အတွက် အဝတ်လျှော်သမားငှားရသည် မေမေက အရင်ကတည်းက ဒါမျိုးတွေမလုပ်တက်တာကတစ်ကြောင်း ပိုက်ဆံရှိနေတာက တစ်ကြောင်းမို့ ဒါမျိုးတွေသူမ မလုပ်တက်။

"မေမေ ကျွန်တော့်အဝတ်ကို ဟိုကောင်လေး လျှော်ပေးတာဘဲ လိုချင်တယ်"

ရုတ်တရက်ထပြောလိုက်သော Junkyu စကားကြောင့် ထိုအဖွားရော မေမေပါ ဟင်ခနဲ ဖြစ်သွားရသည်။
တကယ်တော့ သူလျှော်တာ လိုချင်၍မဟုတ်
တစ်ရက်လုံးနေမှနှစ်ကြိမ်ဘဲ မျက်နှာမြင်ရသေးသောကြောင့် သူ့မျက်နှာလေးတွေ့ချင်၍
ကြံဖန်လိုက်ခြင်းသာ..

"သားလေး Mashi ကစားမေးပွဲနဲ့မို့လေ"

"မသိဘူး သူလျှော်ပေးတာဘဲ လိုချင်တယ်
ညတွင်းချင်းလျှော်ပေးပါ ကျွန်တော်အခန်းထဲ အဝတ်လာယူဖို့ လွှတ် လိုက် အခုချက်ခြင်း"

"သားလေး...."

"အဖွားကျွန်တော်ပြောတာ ကြားတယ်မလား
ကျွန်တော်မစားတော့ဘူး အပေါ်ကစောင့်နေမယ် ခုချက်ခြင်းသွားခေါ် "

ချက်ခြင်းကြီးပြောင်းလဲသွားတဲ့ သားအခြေအနေကြောင့် Junkyu မေမေမှာလည်း ဘာပြောရမှန်းမသိ အရင်လို ရောဂါပြန်ထလာမှာလည်း သေမတက်စိုးရိမ်မိသည်
ထိုရောဂါမှ သူသားကို မနည်းအသက်လုကယ်ခဲ့ရသည်မဟုတ်ပါလား?
အဖွားခမျာလည်း Junkyu လေးကသူ့မြေးလေးသဖွယ် ချစ်ရသူကြောင့် သူအလိုအတိုင်း Mashi ကိုသွားခေါ်ရသည်။

Don't Forget {Mashikyu} (Uni & Zaw) (Completed) Where stories live. Discover now