(Unicode)
"အင့်.. Hyung အတွက် လက်ဆောင်"
ပတ်ပေးလာသော ချည်ကြိုး အနီရောင်လေး
အနီရောင်ချည်ကြိုးကို သုံးလေးငါးမျှင်ကို ထုံးပြီး လက်ပတ်လုပ်ထားတာလေး..
ဘာတန်ဖိုးမှမရှိ ဘာမှသုံးစားမရတဲ့ ချည်ကြိုးသက်သက်သာ.."ငယ်လေးကဒါ ဘယ်ကရတာလဲဟင်"
ပြန်အဖြေသေးဘဲ လက်ပတ်ကိုသာ အာရုံစိုက်ပြီး ထုံးပေးနေသည်...ပြီးနောက်မှ သူ့ရဲ့ ဘယ်ဘတ် လက်က အကျီကို လက်မောင်းပေါ်တင်လိုက်ပြီး သူ့လက်ကလေးကိုထောင်ပြသည်..
"ကျွန်တော်ကိုယ်တိုင်လုပ်ထားတာ hyung နဲ့ဆင်တူ... hyung ကြိုက်လားဟင်"
ကလေးပီပီမို့...ဘာတန်ဖိုး ဘာမှ လုပ်မရတဲ့ ထိုချည်ကြိုးကို Junkyu အလွန်နှစ်သက်ပါသည်..
အထူးသဖြင့် Mashi လုပ်ပေးတာမို့ သူပို နှစ်သက်သည်..." ငယ်လေးလုပ်ပေးတာဘဲhyung က ကြိုက်တာပေါ့လို့..."
"ဒါဆို ကတိ ဘယ်တော့မှမချွတ်ရဘူးနော်"
"အင်း..ကတိ"
"Na Na Na Na Na Na"
နှိုးစက်အသံကြောင့် Junkyu တစ်ယောက် အိပ်မက်က လန့်နိုးလားသည်..
ခုရက်ပိုင်း အိပ်မက်ထဲ ကလေးနှစ်ယောက်ကို
အမြဲမြင်သည်..အိပ်မက်က လန့်နိုးလာရင်လည်း မျက်ရည်က ကျနေတက်ပြီ ရင်ဘတ်က အောင့်အောင့်လာတက်သည်....အရင်က စိတ်ပင်ပန်းလာမှ ထိုအိပ်မက် ကိုမက်ပေမယ့် ခုနောက်ပိုင်း အိပ်မက်က ပိုစိပ်စိပ်မက်လာသည်...
နောက်ထက်ထူးဆန်းတာက အိပ်မက်တိုင်လိုလို ကောင်လေးနှစ်ယောက်ရဲ့ ကျောပြင်ကိုသာမြင်ရသည် မျက်နှာကို ခုထိ မမြင်ဖူးပါ..
အာရုံထဲ သိပ်မထားချင်တာမို့ အမြန်ဆုံး ရေချိုး အဝတ်လဲပြီး...ထုံးစံအတိုင်း အလုပ်သွားရန်ပြင်ရသည်.."Morning မေမေ"
"Morning မေ့သားလေး"
အပြန်အလှည်ပါးပြင်ကို အာဘွားပေးမိသည်..
ကျွန်တော့် ဘဝမှာ ဆေးရုံက နိုးလာကတည်း မေမေကိုသာတွေ့ရသည်...မေမေကို ဖေဖေအကြောင်းမေးတော့ လွန်ခဲ့တဲ့နှစ်တွေက ဆုံးသွားပြီဟူ၍သာဖြေလာသည်..ထိုအချိန်မှစ မေမေဝမ်းနည်းနေမှာစိုး၍ ကျွန်တော်လည်း ထပ်မမေးတော့ပေ...
YOU ARE READING
Don't Forget {Mashikyu} (Uni & Zaw) (Completed)
Fanfic(Uni) "hyung ကြီးလာရင် ကျွန်တော့်ကို လက်ထပ်မှာလား?" "သေချာပေါက် လက်ထပ်မှာပေါ့.." "ဒါဆို ကတိ" "အင်း...ကတိ" (Zawgyi) "hyung ကြီးလာရင် ကျွန်တော့်ကို လက်ထပ်မှာလား?" "သေချာပေါက် လက်ထပ်မှာပေါ့.." "ဒါဆို ကတိ" "အင်း...ကတိ"