(Unicode)
"Soo မင်းငါ့ကိုပြောစရာစကားမရှိဘူးလား?"
Sooနဲ့တွေ့ဖို့ချိန်းထားသောကြောင့် ခုသူတို့ထိုင်နေကျ coffee ဆိုင်ကိုရောင်နေခြင်းဖြစ်သည်။
သို့သော် သူမဘတ်ကလည်း စကားတစ်ခွန်းမှစမလာဘဲ မှာထားသည်များကိုသာ တစ်ခုပြီးတစ်ခုစားနေသည်။"ဘာပြောရမှာလဲ Kyu ရဲ့"
"ရော့ကြည့်.."
သူမရှေ့သို့ချပေးလိုက်သော ဓာတ်ပုံအထပ်လိုက်ကို ပြူးပြူးကြောင်ကြောင်နှင့်ကြည့်နေပြန်သည်။
"ဒါ..ဒါက"
"မင်းဇာတ်လမ်းတွေ ငါဘာမှမသိချင်ဘူး
ငါတို့ဇာတ်လမ်းဒီမှာဘဲရပ်တန့်ရအောင်""ဘာ!!"
"မင်းမကြားလိုက်ဘူးလား?
ငါက ငါ့နောက်ကွယ်မှာ ဖောက်ပြန်တက်တဲ့ မိန်းမမျိုးသိပ်မုန်းတာ အထူးသဖြင့်မင်းလိုမျိုးပေါ့""ခဏ"
ထသွားမလို့ လုပ်တဲ့ကျွန်တော့်လက်ကို သူမက လှမ်းကာတားသည်
"ဘာလဲ? ပြောစရာကျန်သေးလား?
ကျန်သေးရင်မြန်မြန်ပြော ငါအချိန်မရှိဘူး""ဒီဘာမဟုတ်တဲ့ ဓာတ်ပုံတွေနဲ့ ငါ့ကိုအခုလိုလမ်းခွဲတယ်ပေါ့"
"ဟ.. မင်းရူးသွားတာလား? ရူးချင်ယောင်ဆောင်တာလား? ဒါမှမဟုတ် မင်းကအရှက်မရှိတာလား?
ဓာတ်ပုံထဲမှာ ဒီလောက် ထိပူးကပ်ပြီးနမ်းနေတာတောင် ဘာမဟုတ်တဲ့ဓာတ်ပုံတဲ့လား?""ဒါဆို Kyu ကရော"
"ငါကဘာလဲ ဘာလုပ်လို့လဲ?"
"အဟက် ကိုယ်လုပ်တာကျ ကိုယ်မမြင်ဘူးပေါ့
မိုးရွာတဲ့နေ့တစ်နေ့ကလေ လမ်းလယ်မှာ အချစ်ဇာတ်ခင်းနေတာ ဘယ်သူပါလိမ့်""မင်း!!"
"ဟားဟား တော်တော်မှတုန်လှုပ်သွားရဲ့လား?
ဘယ်လိုလဲ ဖွလိုက်ရမလား? MM com ရဲ့ CEO က
လိင်တူစိတ်ဝင်စားနေပါတယ်လို့လေ..
အင်း..ဒါမှမဟုတ် လိင်တူစိတ်ဝင်စားတဲ့အပြင် လက်ရှိကောင်မလေးနဲ့လည်းမှားခဲ့ဖူးပါတယ်ဆိုပြီတော့လား? "ဆံပင်များကိုလက်ညိုးနှင့်ခွေလိပ်ကာ ပြောလာတဲ့သူမပုံစံက အင်မတန်အပေါစားဆန်လွန်းလှသည်။
တွဲလာတဲ့တစ်လျှောက်လုံး သူမကို ဒီလိုပုံစံတစ်တစ်ခါမှ မမြင်ဖူး..
ဟင့်အင်း ကိုယ်ကိုတိုင်က လည်လှပြီထင်ပြီး တုံးအနေတာ..
YOU ARE READING
Don't Forget {Mashikyu} (Uni & Zaw) (Completed)
Fanfiction(Uni) "hyung ကြီးလာရင် ကျွန်တော့်ကို လက်ထပ်မှာလား?" "သေချာပေါက် လက်ထပ်မှာပေါ့.." "ဒါဆို ကတိ" "အင်း...ကတိ" (Zawgyi) "hyung ကြီးလာရင် ကျွန်တော့်ကို လက်ထပ်မှာလား?" "သေချာပေါက် လက်ထပ်မှာပေါ့.." "ဒါဆို ကတိ" "အင်း...ကတိ"