1

383 58 1
                                    

(Unicode)

"Morning မေမေ"

"Morning သားလေး"

ထုံးစံအတိုင်း မိုးလင်းလာရင် မေမေပါးလေးကို အာဘွားပေးပြီး မနက်စာစားရန် စာပွဲရှေ့ထိုင်လိုက်သည်..
ခါတိုင်း မေမေက ပြင်ပေးနေကျပေမယ့် ဒီနေ့တော့ အဒေါ်ကြီးတစ်ယောက်ပြင်ပေးနေသည်မို့ Junkyu မျက်မှောင်ကျုံ့လိုက်ရင်း..

"မေမေ ဒါကအသစ်ခေါ်ထားတာလား အရင်က အိမ်ဖော်တွေ ဘာတွေမခေါ်ဖူးဘဲနဲ့များ"

"ဟုတ်တယ် သားလေး ..မေမေတို့နဲ့လည်းအရင်ကတည်းက သိနေတာကြောင့် သူတို့လည်းခက်ခဲနေတဲ့အချိန်မို့ ခေါ်လိုက်တာ"

"ဟွန့် မေမေက သားကိုတောင်ဘာမှမတိုင်ပင်ဘူးနော်"

"မဟုတ်ပါဘူး သားလေးရယ် သားက အလုပ်နဲ့မို့.မေမေက မပြောဖြစ်တာပါ..Aigoo မေမေ့သားလေးတောင် ငယ်ငယ်ရွယ်ရွယ်နဲ့ com ကိုဦးစီးနေနိုင်ပြီဘဲ"

မေမေက ခေါင်းလေးကိုအသားပွတ်ပြီးချီးကျူးစကားဆိုလာသည်မို့ Junkyu ခမျာငြိမ်၍သား အပွတ်ခံနေလိုက်သည်..ထိုချိန်

"မေမေကြီး ကျွန်တော်ကျောင်းသွားပါတော့မယ်"

အရပ်ပုစိလေးနဲ့ ဖြူဖြူဥဥနုနုထွဠ်ထွဠ် ကောင်လေးတစ်ယောက် မျက်စိရှေ့ဝင်လာပြီး မေမေကို
မေမေကြီး အမည်ခေါ်၍ နူတ်ဆတ်နေသည်..

"Aww Mashi လေးက ကျောင်းသွားတော့မှာလား
သားကိုကိုလည်းအလုပ်သွားတော့မှာမို့ တစ်ခါတည်းကားနဲ့ လိုက်သွားလေ"

"ဗျာ..ဗျာ"

ထိုအသံက နှစ်ယောက်လုံးဆီမှ ထွက်လာခြင်းဖြစ်သည်..

"မေမေကလည်းဗျာ သူက ဘယ်သူလဲ"

"Aww ဒါလေးက Mashiho လေ ခုနက ဖွားဖွားရဲ့မြေးလေ အခု စီးပွားရေး မေဂျာနောက်ဆုံးနှစ်မို့
ကလေးကို တစ်ချက်လိုက်ပို့လိုက်နော်"

"ဟာ မေမေရာ သား Soo ကိုခေါ်ပြီး အတူသွားမလို့ကို.."

Junkyu စကားကြောင့် မေမေကြီးက မျက်နှာတစ်ချက်ပျက်ပြီး Mashi ကိုလှမ်းကြည့်သည်..
Mashi သည်လည်း မျက်နှာပျက်သွားပြီ..မေမေကြီးကို တစ်ချက်ကြည့်သည် ထိုနောက်..

Don't Forget {Mashikyu} (Uni & Zaw) (Completed) Where stories live. Discover now