18

203 42 5
                                    

(Unicode)

ထွက်ပြေးသွားတဲ့ ကျောပြင်သေးသေးလေးနောက် Junkyu မှီအောင်လိုက်သွားလိုက်သည်။
သို့သော် လုံးဝအစမရအောင် မျက်ခြေပျောက်သွားသည်။ကျစ်..ဒီကောင်လေးတော့ မိုးရေထဲဖျားတော့မှာဘဲ..ဘယ်မှာလဲ ဆက်တိုက်လိုက်ရှာသော်လည်း ထိုကောင်ပေါက်လေးအားမတွေ့..
ခက်သည်က ထိုကောင်လေးက လမ်းတွေမှတ်မိသည်မဟုတ် ဒီတိုင်းစုံလျှောက်သွားနေမှာ..
အဲ့ဒါထက် လမ်းမှာ မူးလဲပြီးတစ်ခုခုဖြစ်သွားမှ သူရင်ကျိုးရချည်ရဲ့..မိုးပင်တစ်ဖြေးဖြေးဆဲလာပြီ ကောင်လေးရဲ့ အရိပ်အယောင်တောင်မမြင်ရသေးပေ။
Bus ကားမှတ်တိုင် ခပ်လှမ်းလှမ်းနားရောက်တော့ Bus ကားမှတ်တိုင်မှာ ထိုင်ပြီး ငိုနေတဲ့ ကျောပြင်သေးသေးလေးကို အမှတ်မထင်မြင်လိုက်ရမှ ရင်ထဲကအပူလုံးကြီးကျသွားရသည်။

"မငိုနဲ့တော့ ကိုကိုတောင်းပန်တယ်နော်"

"....."

"ကိုကိုအော်ခဲ့မိလို့တောင်းပန်ပါတယ်"

သို့သော် ထိုကောင်လေးက ပြန်မပြောပိုတိုး၍သာငိုနေသည်။

"ကြည့်ပါဦး မိုးရေတွေစိုရွဲနေပြီ..အိမ်ပြန်ရအောင်နော်"

"မပြန်ဘူး"

"Arr. .ကိုကိုတောင်းပန်တယ်ကွာနော်"

"ကိုကိုကျွန်တော်ကိုတကယ်ရောချစ်ရဲ့လား?"

"ဟာ ဘယ်လိုမေးလိုက်တာအချစ်ရယ် ချစ်တာမှတုန်နေရော"

"ဒါဆို ကျွန်တော်အပေါ်အားလုံးပွင့်လင်းပေးပါ"

"ငယ်လေးက ဘာကို.."

"ကျွန်တော်အားလုံးပြောပြရမှာလား? အရူးရဲ့ ပင်ပန်းရင် ပင်ပန်းတယ်ဆိုတဲ့အကြောင်းကို ပြောလို့ အဟင့်"

Mashi ဟာ ငိုရင်း Junkyu ရဲ့ ရင်ဘတ်ကို လက်သေးသေးလေးနဲ့ထုရိုက်နေသည်။

"ဟုတ်ပါပြီ မငိုနဲ့တော့ ကိုကိုပင်ပန်းရင် ဒီရင်ခွင်သေးသေးလေးထဲလာခဲ့မယ်"

"အခုရော.."

ထိုမေးခွန်းကို Junkyu ရင်မဆိုင်နိုင်ပါ။ သူ့ငယ်လေးက အားလုံးကိုသိနေတယ် သူအတိတ်ကိုပြန်ရှာနေတာ ပင်ပန်းတာရော အားလုံးကိုသိနေတယ်။

Don't Forget {Mashikyu} (Uni & Zaw) (Completed) Where stories live. Discover now