19

180 39 5
                                    

(Unicode)

"Junkyu shiii. .ဒီနေ့တော့ရောက်လာပြီဘဲ"

"Arr. .အဲ့လိုဖြစ်သွားတယ်
ဒီနေ့တော့သူလေးပါလာတယ်"

Junkyu ဟာပြောရင်း ဘေးနားက Mashi ရဲ့ပုခုံလေးကိုတင်းကြပ်စွာဖတ်ထားလိုက်သည်။

"အကြင်သူလေးနဲ့ပေါ့"

"ဟားဟား"

ဆေးခန်းထဲရောက်နေတာတောင် ဆေးအရင်မကုဘဲ Mashi ကို စနောက်နေသော ဆရာဝန်နှင့် ချစ်ရသောသူကြောင့် Mashi မှာရှက်၍ မျက်နှာကြီးတစ်ခုလုံး ငရုတ်ခင်းကြီးလို နီနေပြီလေ။

"ကဲ စရအောင်..ထိုင်ခုံမှာလှဲလိုက်"

Mashi ဟာ Junkyu လက်ကို ပိုတင်း၍ ဆုတ်ကိုင်လိုက်တော့ Junkyu က ဘာမှမဖြစ်ဘူးဆိုသောသဘောဖြင့် မျက်လုံးမှိတ်ပြသည်။

"ဒီနေ့က ဟိုးအနက်ဆုံးထိသွားပေးပါဆရာ"

"အဆင်ပြေပါ့မလား Junkyu shi"

ဆရာဝန်အမေးကို အရင်မဖြေဘဲ ဘေးနာက ရပ်နေတဲ့ ကောက်ပေါက်လေးကို အရင်ကြည့်ရင်း
ပြုံးလိုက်ကာ...

"ဒီနေ့က အားဆေးလေးပါတယ်ဗျ"

ထိုခါမှ ဆရာဝန်က သဘောပေါက်ကာ "ဝိုး...သဘောပေါက်ပြီ" တဲ့ Mashi ကတော့ ရှက်လွန်းလို့ ခေါင်းပင်မဖော်တော့ပေ။

.............................................

ရှိန်သီးလေးကို Junkyu မျက်လုံးရှေ့မှာ ဟိုရွေ့ဒီရွေ့ဘယ်ညာညိမ်နေရင်း ခဏအကြာ Junkyu အိပ်မက် ကမ္ဘာ ထဲရောက်သွားသည်။

ကောင်းကင်ကြီးကိုငေးတဲ့ကောင်လေးနှစ်ယောက်သူမြင်ရသည်။

"အခုဘယ်ရောက်နေလဲ?"

"တောင်ကုန်းတစ်ခုပေါ်မှာ..ရပ်နေတယ်"

"အင်း..ရပ်နေတာလား? ဘေးမှာဘာတွေ့သေးလဲ?"

Junkyu ဟာ ဘေးပတ်ပတ်လည်လည်ကို တစ်ပတ်လှည့်ကြည့်လိုက်သော်လည်း မည်သူတစ်ဦးတစ်ယောက်မှမတွေ့ရ ဒါပေမယ့် ခုနကထက် ထူးခြားသွားသည်က သူဟာအခုရောက်နေတာ တောင်ကုန်းမဟုတ်ဘဲ မှောင်မဲနေတဲ့နေရာတစ်ခုဖြစ်နေတယ်။

"ဘာမှမတွေ့ဘူး..အားလုံးမှောင်နေတယ်"

"အင်း..စိတ်လျှော့ထား လမ်းကိုသေချာကြည့် သေချာပေါက်လမ်းရှိတယ်"

Don't Forget {Mashikyu} (Uni & Zaw) (Completed) Where stories live. Discover now