(Unicode)
"မေမေ ခြေဆစ်ယောင်တာတွေ လိမ်းရတဲ့ဆေးဗူးရော"
"ဘာဖြစ်လို့လဲသား.. သားခြေထောက်ယောင်နေလို့လား?"
"Aww အဲ့ဒါက ဒီအတိုင်းအလိုရှိလို့ ဘယ်မှာထားလဲ"
"ခဏ မေမေ အခန်းထဲမှာယူပေးမယ်"
ထပ်မမေးလို့တော်သေးသည်..
ထပ်မေးရင်လည်း ဘာဖြေရမှန်းမသိ ဒီဆေးက ဟိုကောင်လေးအတွက်ပါလို့ ပြောရမှာလား..အီးမဖြစ်သေးပါဘူး"ရော့ သားလေး"
ဆေးဗူးယူရင်း လေညင်းခံချင်သလိုလို ဘာလိုလိုနဲ့ ဟိုကောင်လေးနေတဲ့ခြံ နောက်ဘတ် ခပ်မြန်မြန်လာလိုက်သည်..
သို့သော် သူတံခါးခေါက်ရန်ပြင်နေတဲ့ လက်တို့လေထဲမှာဘဲ ရပ်တန့်သွားသည် အကြောင်းက အခြားမဟုတ်
Mashiho တို့ မြေးအဖွားနှစ်ယောက် ပြောနေကြသော အကြောင်းအရာကြောင့်ပင်
Junkyu တစ်ယောက်ပိုကြားရအောင် တံခါးနား နားကပ်ကာ နားစွင့်လိုက်သည်။"မပင်ပန်းပါဘူးကွယ်..မြေးလေးအခုပျော်တယ်မလား သူ့နားမှာရှိရတာ"
"အင်းပျော်ပေမယ့်..ရာနူန်းပြည့်မဟုတ်သေးဘူး
ကိုကိုနဲ့ လက်ထပ်ပြီးမှရာနူန်းပြည့်ပျော်မယ်
အဟီး""Aigoo. .မြေးလေးက လက်ထပ်ချင်နေပြီပေါ့"
"လက်ထပ်ချင်တာပေါ့လို့ အခုက ကိုကို့မှာကောင်မလေးနဲ့ Mashi မကြိုက်ဘူး
သူတို့ယူသွားရင်ရော"ထိုအခါတော့ Junkyu တစ်ယောက်ပြုံးဖြစ်လိုက်ပါသေးသည်။
သေချာတာတော့ အရင်က သူတို့နှစ်ယောက်ဆက်ဆံရေးက ဒါထက်လေးနက်သည်ထင်.."ကြံကြံဖန်ဖန်ကွယ်..ဒါအတွက်မပူပါနဲ့ မေမေကြီးက မြေးလေးနဲ့ဘဲ လက်ထပ်ပေးမှာတဲ့
Junkyu လေးသတိရလာအောင် စောင့်နေတာပါ"ဟင် ဘာတွေပြောနေတာလဲ အမေကလည်း ထိုကောင်လေးနဲ့ဘဲ လက်ထပ်ခိုင်းမှာတဲ့လား?
"အဟီးအားရှိသွားပြီ ဖွားဖွားနားလိုက်ဦး
ကျွန်တော် အပြင်ခဏ လေကောင်းလေသန့်ရူမလို့"ထိုအခါတော့ Junkyu တစ်ယောက်နီးစပ်ရာ ချုံအကွယ်ကိုပြေးရတော့သည်။
ထိုကောင်လေးက သူ့အိမ်ထဲကထွက်လာ၍ မိမိအခန်းဆီ အကြည့်ရောက်ပြီး နူတ်ခမ်းလေးဆူကာ ခြေဆောင်နေသည်
ဘာများပြောနေလဲ ကြားရအောင် နောက်ကနေ ဖွဖွလေးသွားလိုက်တော့
YOU ARE READING
Don't Forget {Mashikyu} (Uni & Zaw) (Completed)
Fanfiction(Uni) "hyung ကြီးလာရင် ကျွန်တော့်ကို လက်ထပ်မှာလား?" "သေချာပေါက် လက်ထပ်မှာပေါ့.." "ဒါဆို ကတိ" "အင်း...ကတိ" (Zawgyi) "hyung ကြီးလာရင် ကျွန်တော့်ကို လက်ထပ်မှာလား?" "သေချာပေါက် လက်ထပ်မှာပေါ့.." "ဒါဆို ကတိ" "အင်း...ကတိ"