Unicode
" မင်းပြဿနာမရှာလို့မရဘူးလားရိပေါ် ? မင်းအတွက်ဘဲလုပ်ကိုင်ရှာဖွေနေရတယ့်မိဘတွေကိုမင်းမသနားဘူးလား ? "
ဒီစကားလုံးတွေဘဲပေါ့~ငယ်ငယ်ကတည်းကအပြင်မှာတစ်ခုခုပြဿနာတတ်လာတိုင်းကျောင်းသားတွေအတွက်ဆရာတွေထံမှကြားနေကြစကားမျိုးတွေပါဘဲ။ တိတ်တဆိတ်ဘဲနေတတ်တဲ့ရိပေါ်ကလူတွေနဲ့ပြဿနာတတ်တာမျိုးဆိုတာခက်ခဲပါတယ်။ဒါပေမယ့်တစ်ခါတစ်လေတော့လည်းရှိတာပေါ့လေ။ လူမှန်ရင်တော့ပြဿနာတစ်စုံတစ်ရာကဖန်တီးမယူလည်းကြုံရတယ်ဆိုတာလူသားတိုင်းအသိ။ ကျောင်းတတ်နေစဉ်ကာလတွေမှာတော့ဒီအရာကအဆန်းမဟုတ်ပါဘူး။ဒါပေမယ့်အုပ်ထိန်းသူနဲ့ သက်ဆိုင်လာတယ့်ကိစ္စရပ်ဆိုရင်တော့သူ့အတွက်နည်းနည်းအနှောက်အယှက်ဖြစ်သွားခဲ့ပြီ။တခြားသူအတွက်မိသားစုဆိုတာဘယ်လိုသဘောမျိုးလဲဆိုတာမသိပေမယ့်ကျွန်တော့်အတွက်တော့မိသားစုဆိုတာစီးပွားရေးတစ်ခုတည်းသာသိတယ့်အပြင်လူတွေသပ်သပ်ပါဘဲ။
ငယ်ငယ်ကရေးခိုင်းတဲ့ကျွန်တော့်မိသားစုအကြောင်းဆိုရင်တခြားကလေးတွေကချစ်ခင်မြတ်နိုးမှုအတိုင်းသားကိုစာကြောင်းလေးတွေထည့်ရေးခဲ့ကြတယ်။ ကျွန်တော်ကတော့ရိုးရှင်းစွာဘဲအခြေအနေတစ်ရပ်ကိုဖော်ပြရင်းအဆုံးသတ်တယ့်အက်ဆေးတစ်ပုဒ်လိုပေါ့။ အသက်ဆယ်နှစ်ကွာတဲ့အင်ဂျင်နီယာလောင်းအစ်ကိုတစ်ယောက်ရှိတယ်။ စီးပွားရေးလုပ်ငန်းမှာအောင်မြင်နေတယ့်ဖခင်တစ်ယောက်နဲ့ ပါရမီဖြည့်ဖက်ကောင်းမိခင်တစ်ယောက်ရှိတယ်။ ဒါပါဘဲ။ ဒီလောက်နဲ့ဘဲအဆုံးသတ်တယ်။ ပြဿနာတစ်ခုဖြစ်လာတယ့်အခါတိုင်းဘာကြောင့်ဖြစ်သလဲမမေးခင်ကျွန်တော့်ရဲ့အသုံးမကျမှုကစတင်တယ်။သူတို့ရှာသမျှအရာအားလုံးကျွန်တော့်အတွက်ဆိုတဲ့ ခေါင်းစဉ်တစ်ခုလည်းအမြဲတပ်ထားတယ်။
ဒါပေမယ့်...သူတို့မှာကျွန်တော့်အတွက်အချိန်မရှိပါဘူး။
ကျောင်းလာကြိုတဲ့လူဟာအစ်ကိုလည်းမဟုတ်သလို အဖေလည်းမဟုတ်ခဲ့ဘူး။ ကျောင်းထမင်းချိုင့်ဟာအမေ့လက်ရာလည်းဟုတ်မနေခဲ့သလိုကြယ်သီးပြုတ်တယ့်ကျောင်းဝတ်စုံအတွက်လည်းသူမ မချုပ်ပေးနိုင်ခဲ့ပါဘူး။ အဲ့ဒီ့အစား..အသစ်တစ်ထည်ပေါ့။ နေမကောင်းဖြစ်ခဲ့ရင်လည်းသူတို့မသိဘူး။ ဆုယူတယ့်ပွဲလည်းအရေးတယူမတတ်ရောက်ပါဘူး။
ဟုတ်တယ် ကျွန်တော်ကမိဘအစုံအလင်ရှိသလို ညီအစ်ကိုလည်းရှိတယ်။ ခေါင်းစဉ်မတပ်ထားတဲ့ချစ်ခြင်းမေတ္တာရှိမနေခဲ့တာတစ်ခုပါဘဲ။

YOU ARE READING
Your Existence
Fanfiction" ပုံမှန်အတိုင်းသွားလာလှုပ်ရှားရင်းပုခုံးချင်းယှဉ်ပြီး တစ်ယောက်နဲ့တစ်ယောက်ကျော်သွားနိုင်တဲ့ဆက်ဆံရေးတစ်ခုဘဲပေါ့ ခင်ဗျားရဲ့ဖြစ်တည်မှုကတော့.. ကျွန်တော့်နှလုံးသားရဲ့နက်ရှိုင်းတဲ့တစ်နေရာမှာဘဲလူမသိသူမသိတည်ရှိနေခဲ့ပါတယ် " ZawGyi " ပုံမှန်အတိုင်းသွားလာလှုပ်...