Part 2

421 40 4
                                    


Unicode

" ဘာမှမစဉ်းစားရသေးရင်.. အစ်ကိုအကြံပေးကြည့်လို့ရမလား ? "

" ဟုတ်ကဲ့ အဲ့လိုလုပ်ကြည့်ပါ "

" အကယ်၍ရိပေါ်လည်းသွေးမကြောက်တတ်ဘူး မရွံတတ်ဘူးဆိုရင်ပေါ့ စာသေချာကြိုးစားလိုက်ပြီး
ခွဲစိတ်ဆရာဝန်ဖြစ်ဖြစ်လုပ်ကြည့်ပါလားရိပေါ် ? ကိုယ်ကဆရာဝန်ဆိုတော့လူတွေရဲ့အသက်ကိုကယ်ပေးလို့ရသလို ချစ်ရတယ့်သူတွေကိုလည်းဂရုစိုက်ပေးလို့.. "

" ကျွန်တော့်မှာအဲ့လိုသံယောဇဉ်တွေမရှိဘူး "

ဒီတစ်ခေါက်မှာတော့ " ဟင် " ဆိုပြီးကြောင်အသွားရသူကရှောင်းကျန့်ပင်။ လုဟန်ကတော့မုန့်သွားထပ်မှာနေခဲ့တာမို့ဒီအခြေအနေကိုမသိလိုက်ပေ။

" အာ.. အစ်ကိုပြောချင်တာ မိသားစုတွေ.. ပါပါး မာမားတို့ကို.. သူတို့တစ်ခုခုဆိုကုသပေးလို့ရတာပေါ့ "

ရိပေါ်ရဲ့တုန့်ပြန်မှုကင်း‌မဲ့သောမျက်နှာကိုရှောင်းကျန့်ကြည့်ရင်းဖြည်းဖြည်းချင်းအအထစ်ထစ်သာပြောမိသည်။ စိတ်ထဲမှလည်းဒီကလေးရဲ့အခြေအနေကိုမသိဘဲ ပြောမိတာမှားသွားပြီလားဆိုတာကတစ်ကြမ်ထက်မနဲတွေးမိပြီးပြီဖြစ်တာကြောင့်နေရထိုင်ရတာပင်ခက်ခဲလာသလို။ ဘာမှမပြောဆက်မပြောရသေးခင်ရိပေါ်ကတော့ခေါင်းလေးငုံ့ရင်းနှုတ်ခမ်းလေးတွန့်ရုံမျှသာပထမဆုံးပြုံးလာခဲ့တယ်။ ဪ...အကြောင်းပြချက်ကောင်းတွေပေါ့ ~ သာမာန်တခြားသူတွေဆိုရင်တော့ဒါတွေဟာအားတတ်စရာလည်းဖြစ်သလိုရည်မှန်းချက်အတွက်ပံ့ပိုးပေးနိုင်မှာအမှန်ဘဲ။ ဒါပေမယ့်ရိပေါ်ကတော့မတူဘူးလေ။ တူညီတယ့်အနေအထားမှာမှမဟုတ်ခဲ့တာ။ သူ့ရှေ့မှာသူ့မျက်နှာရိပ်မျက်နှာကဲလေးကြည့်ရင်းနေရခက်နေတယ့်ရှောင်းကျန့်ကတော့တစ်မျိုးတစ်ဖုံလေးချစ်စရာကောင်းနေသာ။ တစ်ဆက်တည်းသူ့မွေးနေ့မှာခေါ်ပြီးအနိုင်ကျင့်မိသလိုခံစားလိုက်ရတာကြောင့်ရိပေါ်အလိုက်အထိုက်သာဖြေဖို့ဆုံးဖြတ်ထားလိုက်သည်။

" အစ်ကို့ရဲ့အကြံပေးချက်တွေတကယ်ကောင်းပါတယ် ကျွန်တော်ကြိုးစားကြည့်မှာပါအစ်ကို ကတိပေးပါတယ် "

Your ExistenceWhere stories live. Discover now