Unicodeတဖြည်းဖြည်းနဲ့နေ့ရက်တွေကုန်ဆုံးလာသည်နှင့်အမျှ အထွေထွေခွဲစိတ်ကုဌာနမှာတာဝန်ကျနေတယ့်ကာလတစ်လျှောက်လုံးရိပေါ်နှင့်လုဟန်တို့တဖြည်းဖြည်းဟွာနန်ဆေးရုံနဲ့နေသားကျလာခဲ့ပါသည်။ ဆေးရုံကစီနီယာတစ်ချို့နဲ့လည်းရိပေါ်စကားပြောဖြစ်ဆိုဖြစ်တာမျိုးရှိလာခဲ့သည်။အထူးသဖြင့်ကတော့စီနီယာအစ်ကိုရှောင်းကျန့်နဲ့ စီနီယာအစ်ကိုဆယ်ဟွန်းတို့ပေါ့။သူတို့လေးယောက်ပေါင်းမိလျှင်ဆေးရုံကတခြားဆရာဝန်တွေပါပြောမနိုင်တော့ပေ။ဆေးကုရာမှာလည်းတော်ကြသလိုခေါင်းမာတယ့်နေရာမှာလည်းအစီရင်ခံစာတင်ပြီးပါခေါင်းမာကြတယ့်ရှေ့ဆောင်လမ်းပြစီနီယာတွေနဲ့အတူအနောက်ကသူတို့ဘာလုပ်လုပ် " ဟုတ်ကဲ့ အသင့်ဖြစ်ပါပြီ " ဆိုတဲ့ တစ်ခွန်းနဲ့အသင့်ပံ့ပိုးမယ့်ဂျူနီယာတွေပေါ်လာတယ့်အချိန်ကစပြီးဟွာနန်ဆေးရုံကဒေါက်တာတို့လက်လန်ကြရတော့သည်။ နဂိုကတည်းကရှောင်းကျန့်တို့သူငယ်ချင်းနှစ်ယောက်ကလူနာနဲ့ပတ်သတ်လာရင်တားမရပြုမရမို့အသစ်ရောက်လာတယ့်ကျေးဇူးရှင်တို့ကိုအပြစ်တင်ဆူဖို့ကလည်းအလုပ်သင်နှစ်ယောက်လုံးမှာတစ်ယောက်ကအချေတလိုင်းနဲ့ချေချတတ်သလိုတစ်ယောက်ကလည်းပြုံးပြုံးလေးနှင့်ချက်ကောင်းကိုထိမိအောင်ပြန်ပြောနိုင်ကြတယ့်လူတွေမို့ဆူမိတယ့်လူတွေသာသွေးတတ်ရတယ့်အခြေအနေတွေပေါ်ပေါက်လာတော့သည်။ ထို့ကြောင့်ပြောမနိုင်တယ့်ထိုလေးယောက်ကိုဘေးမဲ့သာပေးပါလေ၏။
" အင်း.... ဒီနေ့အိမ်ပြန်မှာလားရိပေါ် ? "
လုဟန်တစ်ယောက်ခဏနားရတုန်းလေးကိုအပျင်းကြောအားရပါးရဆန့်လိုက်ရင်းဆက်စောင့်ရမယ့် night duty အတွက်ခဏနားဖို့ပြင်လိုက်နေရင်း လွယ်အိတ်ပြင်ကာဂျူတီကုတ်ချွတ်လာတယ့်ရိပေါ်ကိုမေးလိုက်တော့သည်။
" မသိသေးဘူး ~ "
" မင်းပြန်သင့်တယ် "
" ပြန်တာနဲ့မပြန်တာကငါ့အတွက်ဘာမှမှမထူးတာ "
ရိပေါ်ရဲ့အသံအဆုံးလုဟန်တစ်ချက်သန်းဝေလိုက်ရင်းပင်အိပ်ယာပေါ်လှဲအိပ်လိုက်ရင်း

CZYTASZ
Your Existence
Fanfiction" ပုံမှန်အတိုင်းသွားလာလှုပ်ရှားရင်းပုခုံးချင်းယှဉ်ပြီး တစ်ယောက်နဲ့တစ်ယောက်ကျော်သွားနိုင်တဲ့ဆက်ဆံရေးတစ်ခုဘဲပေါ့ ခင်ဗျားရဲ့ဖြစ်တည်မှုကတော့.. ကျွန်တော့်နှလုံးသားရဲ့နက်ရှိုင်းတဲ့တစ်နေရာမှာဘဲလူမသိသူမသိတည်ရှိနေခဲ့ပါတယ် " ZawGyi " ပုံမှန်အတိုင်းသွားလာလှုပ်...