Part 10

264 31 2
                                    

Unicode

" ကလေးရော !! "

" ဟိုလေ.. ဒေါက်တာရှောင်း.. အဲ့တာ.. ဒေါက်တာလီက.. "

" ဖယ်စမ်း !!! "

သူနာပြုမလေးစကားအဆုံးရှောင်းကျန့်တစ်ယောက်သူ့ရှေ့ကသူနာပြုလေးကိုတွန်းဖယ်ရင်းမပြေးရုံတမယ်ခြေလှမ်းတို့နဲ့လူနာခန်းရှေ့ကဖြတ်ကျော်သွားတော့တယ်။ နောက်တော့မကြာလိုက်ပါဘဲခွဲခန်းရှိရာကိုစပြေးတော့တာဘဲ။ ဒါဘယ်သူ့ခွင့်ပြုချက်နဲ့သူ့လူနာကိုထိရဲတယ့်အထိအတင့်ရဲမှုမျိုးလဲ..

တစ်ဖက်မှာလည်းခွဲခန်းထဲမှာခွဲစိတ်ဖို့အသင့်ရှိနေတယ့်ကလေးမလေးတစ်ယောက်ကမေ့ဆေးနဲ့အတူကုတင်ထက်မေ့မြောပြီးခွဲစိတ်မှုစတင်နေလေပြီဖြစ်သည်။ ရိပေါ်လည်းအကူအဖြစ်လက်ထောက်ဝင်တယ့်သူမို့နဂိုအချိန်ထက်တစ်နာရီစောပြီးခေါ်တယ့်အပေါ်ထူးဆန်းနေခဲ့သည်။အခုတော့လူစားလဲပြီးခွဲစိတ်တယ့်ဒေါက်တာပြောင်းလဲထားတာမို့သူ့စီနီယာဖြစ်နေတယ့်ဒေါက်တာလီအပေါ်ကူညီနေပေးရုံသာတတ်နိုင်သည်။ ဒေါက်တာရှောင်းပင်ပန်းနေလို့ဆိုတယ့်စကားနဲ့အတူသူလည်းအခုရက်ပိုင်းအတွင်း‌ရှောင်းကျန့်ရဲ့ပုံစံကိုတွေ့ခဲ့ပြီးဖြစ်တာမို့‌ဘာမှဆက်မပြောတော့ခြင်းပင်။

ရုတ်တရက်သွေးကြောကိုထိပြီးသွေးထွက်လွန်တယ့်အခြေအနေတစ်ရပ်..

" ဒေါက်တာ သွေးပေါင်ကဆက်တိုက်ကျနေပြီ ! "

" ဟင်.. အဲ့တာ.. "

" ခင်ဗျားဘာလုပ်နေတာလဲ အာရုံစိုက်လေ‌ ဒေါက်တာလီ !!! "

ရုတ်တရက်ဆိုသလိုလက်ထောက်လုပ်နေတယ့်ရိပေါ်ငေါက်လိုက်မှုနဲ့‌ဒေါက်တာလီအသိစိတ်ပြန်ဝင်လာသည်။သို့သော်ပေါက်သွားတယ့်သွေးကြောနေရာကိုရှာလို့မရတယ့်အပြင်အထဲကကင်ဆာပြန့်နေတယ့်နေရာအစိတ်အပိုင်းကြောင့်သတိလက်လွတ်လည်းမထိရဲ..

" ခင်ဗျားဖယ် ! "

" ဒေါက်တာဝမ်ရိပေါ် !! "

ဝမ်ရိပေါ်ကဒေါက်တာလီရဲ့လက်တွေကိုခွာစေပြီးသွေးဆက်တိုက်ထွက်နေတယ့်နေရာကိုစမ်းရင်းရှာနေခဲ့တယ်။ မကြာလိုက်တယ့်အချိန်အတွင်းသွေးထွက်နေတယ့်သွေးကြောနေရာကိုလက်ချောင်းနဲ့ဖိပိတ်လိုက်နိုင်ပြီးပြန်ဖာထေးနိုင်ခဲ့တယ်။ ကံကဆိုးတယ်ဘဲပြောရမလား ကောင်းတယ်ဘဲပြောရမလားပင်။ နောက်ထပ်ခွဲစိတ်နေတယ့်အချိန်အတွင်းမှာဒေါက်တာလီဟာအမှားတစ်ခုထပ်မလုပ်ခဲ့‌ပေမယ့်လူနာကလေးမလေးရဲ့ခံနိုင်ရည်အားဟာဂိတ်ဆုံးသွားခဲ့ပြီဖြစ်သည် ။ ကင်ဆာကျိတ်ကိုဖယ်နေခဲ့တယ့်အချိန်အတွင်း‌ဒေါက်တာလီရဲ့အမှားကြောင့်ရောနဂိုကတည်းကအသက်ရှင်ဖို့ရာခိုင်နှုန်းနည်းတယ့်အခြေအနေရှိတာမို့ဒီခွဲစိတ်မှုကအောင်မြင်ဖို့ရာခိုင်နှုန်းသိပ်နည်းတာဝမ်ရိပေါ်လည်းသိထားသည်။ နောက်ဆုံးတီကနဲပြတ်ကျသွားတယ့်အသံရယ်.. ခေါင်းအသာခါယမ်းရင်းသက်ပြင်းချနေကြတယ့်ဒေါက်တာလီရယ်..
လူနာမိန်းကလေးကိုရေခဲတစ်ခုလိုအေးစက်‌ပြီးသနားသက်ညှာစွာကြည့်နေတယ့်ဝမ်ရိပေါ်ရယ်..

Your ExistenceOù les histoires vivent. Découvrez maintenant