Unicodeတစ်ဆစ်ဆစ်ကိုက်နေတယ့်ခေါင်းကတကယ်ကိုနေရထိုင်ရမသက်သာဖြစ်နေတာကြောင့်ရှောင်းကျန့်တစ်ယောက်သူ့လက်တွေကိုအားပြုပြီးအိပ်ယာကုတင်ပေါ်ကထထိုင်လာတော့တယ်။
" ကျွတ် ~ ကျွတ် ~ အာ..ရူးတော့မှာဘဲ "
အသံတိတ်လေးကိုယ့်ကိုယ်ကိုပြောမိရင်းမျက်လုံးတွေကိုအားယူဖွင့်ကြည့်မိသည်။ ငိုထားမိတာကြောင့်ကျိန်းစက်နီရဲနေတယ့်မျက်ဝန်းတွေကတစ်ဖြတ်ဖြတ်ခတ်ပြီးအာရုံစိုက်ကြည့်မိမှမြင်ကွင်းကိုရှင်းရှင်းလင်းလင်းမြင်ရသည်။
အယ် ~
မြင်နေရတယ့်မြင်ကွင်းစိမ်းကြောင့်ရှောင်းကျန့်ဘေးဘီဝေ့ဝိုက်ကြည့်မိတော့အိပ်ယာပေါ်မှာခေါင်းလေးစောင်းပြီးသူ့လက်သူခေါင်းအုံးအိပ်နေတယ့်ဝမ်ရိပေါ်ကိုတွေ့လိုက်ရတော့တယ်။ ဝမ်ရိပေါ်ဘေးကဗီဒိုအပုလေးပေါ်မှာတော့နာရီငယ်လေးကမနက်ခြောက်နာရီကိုပြသနေခဲ့တယ်။ ရှောင်းကျန့်နည်းနည်းကိုက်ခဲနေတယ့်နားထင်ကြောကိုဖိပြီးပြန်စဉ်းစားကြည့်မိတယ်။ တကယ်ဘဲသူဘာတွေဖြစ်ခဲ့လဲသူစဉ်းစားမရသလို ဝမ်ရိပေါ်ကိုတကယ်အားနာနေပြီပင်။
ရှောင်းကျန့်တစ်ယောက်အိပ်ယာပေါ်ကအသာထသွားပြီး ဝမ်ရိပေါ်ရဲ့ကျောပေါ်အိပ်ယာပေါ်မှာတွေ့တယ့်စောင်ပါးလေးတစ်ထည်တင်ပေးလိုက်တော့တယ်။ သူတစ်ညလုံးဒီလိုပုံစံနဲ့အိပ်ခဲ့တာဆိုဇာတ်နာနေတော့မှာဘဲ..
ရှောင်းကျန့်အခန်းထဲကနေအရှေ့ဘက်ကိုထွက်လာခဲ့ပြီးတိုက်ခန်းကိုနည်းနည်းလှည့်ပတ်ကြည့်နေမိသည်။ ဧည့်ခန်းရဲ့တစ်ဖက်ခြမ်းနံရံအကွယ်လေးမှာမီးဖိုချောင်ရှိပြီးတစ်ဖက်မှာရေချိုးခန်းအိမ်သာတွဲရက်လေးရှိနေတယ်။ ရှောင်းကျန့်သပ်သပ်ရပ်ရပ်လေးဖြစ်နေတယ့်နေရာကို တိတ်တဆိတ်တော့ချီးကျူးမိတယ်။ ဆရာဝန်မို့အလုပ်များပြီးတချို့ဆိုဒီလိုရှင်းရှင်းလင်းလင်းမနေနိုင်ဘူးလေ။ ဒါမှမဟုတ်သူတို့အိမ်ရှင်းဝန်ဆောင်မှုငှားရင်ငှားကြမှာပေါ့။ ရှောင်းကျန့်တစ်ယောက်ရေချိုးခန်းထဲဝင်ပြီးမျက်နှာသစ်သန့်စင်ပြီးမီးဖိုချောင်ဘက်ကခုံပေါ်တင်ထားတယ့်တစ်သျှူးတွေသာဆွဲပြီးရေသုတ်လိုက်တော့တယ်။ သူများတဘတ်ယူသုံးဖို့ကလည်းဟိုကကြိုက်မှန်းမသိမကြိုက်မှန်းမသိမို့လက်လွတ်စပယ်တော့မသုံးနိုင်ပါ။
ESTÁS LEYENDO
Your Existence
Fanfic" ပုံမှန်အတိုင်းသွားလာလှုပ်ရှားရင်းပုခုံးချင်းယှဉ်ပြီး တစ်ယောက်နဲ့တစ်ယောက်ကျော်သွားနိုင်တဲ့ဆက်ဆံရေးတစ်ခုဘဲပေါ့ ခင်ဗျားရဲ့ဖြစ်တည်မှုကတော့.. ကျွန်တော့်နှလုံးသားရဲ့နက်ရှိုင်းတဲ့တစ်နေရာမှာဘဲလူမသိသူမသိတည်ရှိနေခဲ့ပါတယ် " ZawGyi " ပုံမှန်အတိုင်းသွားလာလှုပ်...