Part 4

345 33 0
                                    


Unicode

အောင်စာရင်းထွက်လာတယ့်နေ့မှာလုဟန်နဲ့ရိပေါ်တို့နှစ်ယောက်အတူ laptop လေးရှေ့ထိုင်ပြီး စိတ်လှုပ်ရှားစွာနဲ့စောင့်ဆိုင်းနေမိကြသည်။ သူတို့ကျောင်းရဲ့အောင်ချက်စာရင်းကို‌တင်ပေးလာချိန်မှတော့

" ဟိတ်ရောင် မင်းကြည့်လိုက် ! "

" မပူပါနဲ့ငါတို့အောင်တာတော့သေချာတယ် "

" အမှတ်စာရင်းကိုမင်းကြည့်လိုက်ကွာ ~ "

" မင်းဖြေခဲ့တာမင်းယုံကြည်ချက်မရှိဘူးလားဟ "

ရိပေါ်တစ်ယောက်လုဟန်ကိုခပ်ဆတ်ဆတ်ငေါက်ချလိုက်မှဘဲလုဟန်လည်းခြေမကိုင်မိလက်မကိုင်မိအခြေအနေကနေငြိမ်ကျသွားတော့သည်။ ရိပေါ်လည်းစိတ်တော့တမျိုးကြီးဖြစ်နေခဲ့ပေမယ့်တအားတော့မတုန်လှုပ်ခဲ့ပါ။နောက်ဆုံးမနက်ရှစ်နာရီအတိမှာဘဲရိပေါ်တစ်ယောက်သူ့လက်ထဲက laptop လေးကိုဖွင့်ပြီး bar တစ်ချက်ထောက်ကာအောင်စာရင်းထဲဝင်ကြည့်ခဲ့တော့သည်။

" ငါပြောပါတယ် အောင်ပါတယ်ဆို "

" အောင် အောင်ပြီ ရေးးးး ရိပေါ်ငါတို့ဆေးကျောင်းတတ်လို့ရပြီ !! "

ဂုဏ်ထူးတွေနဲ့အတူထိပ်ဆုံးမှာတတ်လာတဲ့သူတို့နှစ်ယောက်နာမည်ကြောင့်လုဟန်တစ်ယောက်ရိပေါ်ရဲ့ပုခုံးဖတ်ပြီးဝမ်းသာတကြီးထအော်တော့သည်။ရိပေါ်ကတော့ပြုံးပြုံးလေးပင်သူ့သူငယ်ချင်းကိုအရင်ကြည့်လာသည်။ထို့နောက်မှကုတင်ပေါ်ကခေါင်းအုံးကိုအားရပါးရကောက်ရိုက်ပြီးထပျော်တော့သည်။ ပျော်နေကြတာဟန်တောင်မဆောင်နိုင်ကြတော့ပေ။
ထိုနေ့ကရိပေါ်တစ်ယောက်လုဟန်ရဲ့အိမ်မှာဂုဏ်ပြုစားပွဲကိုအဝစားလာခဲ့ရလေသည်။

" သားငယ် ~ မားဒီနေ့သားဖို့သားကြိုက်တယ့် ဂဏန်းဟင်းချက်ထားတယ် တစ်ချက်လောက်လာမြည်းကြည့်ပါဦးလား ? "

ရိပေါ်တစ်ယောက်အိမ်ပြန်ရောက်လာလာခြင်းပင်မီးဖိုချောင်ဘက်ကအပြေးထွက်လာတဲ့အမေဖြစ်သူကိုမြင်လိုက်ရတာမို့ဗိုက်ပြည့်လာခဲ့လည်းဘဲ‌နှဖူးကချွေးစို့စို့နဲ့တွေ့လိုက်ရတယ့်မားကြောင့်မီးဖိုချောင်ဘက်ကိုလိုက်လာခဲ့လိုက်သည်။ ဟင်းပန်းကန်လေးဘေးမှဇွန်းအသေးလေးနဲ့အတူတစ်ဇွန်းကောက်မြည်းလိုက်ပြီးကောင်းမွန်တယ့်အရသာလေးကြောင့်နှုတ်ခမ်းလေးတွန့်ရုံပြုံးလာတော့ရိပေါ်ရဲ့မာမားမျက်နှာမှာအပြုံးပန်းလေးတစ်ခုဖြစ်လာခဲ့သည်။

Your ExistenceHikayelerin yaşadığı yer. Şimdi keşfedin