Unicodeဆရာဝန်တစ်ယောက်ရဲ့နေ့ရက်တွေဟာဆေးရုံကလူနာတွေရဲ့အခြေအနေတွေကြည့်ရှူရင်းဘဲတစ်နေ့ပြီးတစ်နေ့ကုန်ဆုံးလာခဲ့တယ်။ ရိပေါ်အတွက်နေသားကျလာသလိုပါဘဲလေ။ တစ်နေ့တစ်နေ့လုဟန်နဲ့အတူတာဝန်ကျတယ့်ရက်တွေဆိုရင်နှစ်ယောက်သားလူနာကြည့်မယ်၊နားမယ်၊ နားတယ့်အချိန်ဆိုတစ်ခုခုစားနေရင်းဖြစ်စေ၊လိုအပ်တယ့်လေ့လာမှုတွေလေ့လာနေရင်းဖြစ်စေ ချစ်သူကောင်မလေးရဲ့စာလေးတွေကိုပြန်စာလေးတွေပို့မယ်။နားရက်မှာတော့ရွဲ့ရယ်အားရင်အားသလိုချိန်းတွေ့ကြတာမျိုးပေါ့။ရွဲ့ရယ်ကသရုပ်ဆောင်ကောင်းတစ်ယောက်မို့ထင်တာထက်ပိုပြီးအလုပ်ရှုပ်လာခဲ့သလိုရိပေါ်ကလည်းဒေါက်တာတစ်ယောက်မို့အချိန်ပေးနိုင်မှုအားနည်းပါသည်။သို့သော်လည်းတစ်ယောက်နဲ့တစ်ယောက်နားလည်နေတာဘဲမို့ချစ်သူသက်တမ်းဟာဘာလိုလိုနဲ့သုံးလပြည့်တော့မည်ပင်။
" ဘာလဲ မနက်ဖြန်ကောင်မလေးကို Suprise လုပ်တော့မယ်ပေါ့ ? "
" အင်း... အဲ့လိုလုပ်ကြည့်ရင်ကောင်းမလားလို့ "
လုဟန်ရဲ့အမေးကိုရိပေါ်ပြုံးပြုံးလေးသာဖြေလိုက်ရင်းလက်ထဲကဖုန်း screen လေးမှာပေါ်နေတယ့် ပန်းစည်းနဲ့ကိတ်မုန့်လေးကို order တင်လိုက်တော့သည်။ မနက်ဖြန်သုံးလပြည့်မယ့်ရက်မဟုတ်လား ~ ဒါမျိုးလေးတော့ယောကျာ်းလေးဘက်ကလုပ်ပေးသင့်ပါတယ်။ အနည်းဆုံးတော့ရွဲ့ရယ်သူ့ဘဝထဲဝင်လာပြီးနောက်ပိုင်း သူ့အပေါ်ဂရုတစိုက်ရှိခဲ့သလိုနားလည်မှုအပြည့်အဝပေးခဲ့တာဘဲမို့ဒီကောင်မလေးလည်းပျော်ရတယ့်အခိုက်အတန့်မျိုးလေးကိုရိပေါ်ဖန်တီးပေးချင်သည်။
ရိပေါ်တစ်ယောက်ဒီနေ့ညရဲ့ night duty ပြီးရင်တော့တိုက်ခန်းပြန်ပြီးခဏနားဖို့စဉ်းစားထားသည်။နောက်မှရွဲ့ရယ်ရဲ့တိုက်ခန်းဘက်စောသွားလိုက်ပြီး Suprise အတွက်ပြင်ပေးတာပေါ့လေ။ ရိပေါ်တစ်ယောက်စိတ်လျှော့လိုက်ရင်းမျက်လုံးတွေမှိတ်ချလိုက်ကာခဏနားဖို့ပြင်လိုက်ချိန် ...
" ဒေါက်တာဝမ် ! ဒေါက်တာလု ! emergency လူနာရောက်လာတယ် !!! "
" ဟန် ? "
YOU ARE READING
Your Existence
Fanfiction" ပုံမှန်အတိုင်းသွားလာလှုပ်ရှားရင်းပုခုံးချင်းယှဉ်ပြီး တစ်ယောက်နဲ့တစ်ယောက်ကျော်သွားနိုင်တဲ့ဆက်ဆံရေးတစ်ခုဘဲပေါ့ ခင်ဗျားရဲ့ဖြစ်တည်မှုကတော့.. ကျွန်တော့်နှလုံးသားရဲ့နက်ရှိုင်းတဲ့တစ်နေရာမှာဘဲလူမသိသူမသိတည်ရှိနေခဲ့ပါတယ် " ZawGyi " ပုံမှန်အတိုင်းသွားလာလှုပ်...