Part 3

393 42 4
                                    


Unicode

" မင်းဒီလိုပုံစံနဲ့မိသားစုကိုခဏခဏအရှက်ခွဲရမှ ကျေနပ်မှာလားဝမ်ရိပေါ် ! အလုပ်လုပ်နေတယ့်မိဘတွေကိုနည်းနည်းလေးတောင်.. "

" နောက်မဖြစ်စေရပါဘူး ~ "

" မင်းမှာလေးစားသမှုတောင်မရှိတော့ဘူးလား ဝမ်ရိပေါ် !!!! "

လေသံအေးအေးနဲ့ဘဲအခန်းထဲဝင်သွားဖို့ပြင်နေတယ့်ရိပေါ်ရဲ့ခေါင်းကိုအားပြင်းတယ့်တစ်စုံတစ်ခုကလာထိမှန်လာခဲ့တယ်။ ရိပေါ်နောက်လှည့်ကြည့်လိုက်ရင်း သူ့ခြေထောက်နားကကြမ်းပြင်မှာကျနေတယ့်အိမ်ပေါ်စီးဖိနပ်တစ်ဖက်ကိုကောက်ယူကာကြည့်လိုက်မိတော့သည်။
ဪ ~ ငါ့ကိုအဲ့လောက်တောင်မုန်းနေတာများလား ?
ဒီလိုကျတော့လည်းစီးထားတဲ့ဖိနပ်တစ်ရံလောက်တောင်သူတို့အတွက်အဖြစ်မရှိတယ့်ကိုယ့်ကိုယ်ကို‌ရယ်မိသား။

" ဟက် ~ မင်းကတောင်ငါ့ထက်အသုံးကျနေမှာ အနည်းဆုံးတော့ငါ့အဖေကမင်းကိုလက်နဲ့အရေးတယူချွတ်ပြီးငါ့ကိုပစ်ပေါက်လာသေးတယ်လေ "

" ဝမ်ရိပေါ် !!! မင်းရူးနေလား !!? ဒါအဖေ့ရှေ့ပြောရမယ့်စကားလား ? "

အစ်ကိုဖြစ်သူကဒေါသတကြီးဝင်ပြောလာတော့အမေဖြစ်သူကလက်လေးကာရင်းတားပြပြန်တယ်။ ဇွတ်ကိုမကောင်းတယ့်လူ‌ဇာတ်သွင်းနေတော့တာပါဘဲလားဗျာ။ ပင်ပန်းနေတာတောင်သတိမရတော့တယ့်အထိ စိတ်ထဲနာကျင်လာတာတော့အမှန်ဘဲ။ ရိပေါ်လက်ထဲကဖိနပ်ကိုသူ့အဖေရှေ့ပြန်ယူလာပေးပြီးကြမ်းပြင်မှာသေချာချပေးလိုက်သည်။

" ကျွန်တော်အသုံးမကျတာ... "

" .... "

" ကျွန်တော်သိတယ်ပါး ဒါပေမယ့်ကျွန်တော်မိသားစုဖြစ်တယ့်ပါးတို့အပေါ်မှာဘာတောင်းဆိုဘူးလဲ ? "

" မင်းလိုချင်တာမှန်သမျှ ငါတို့ ... "

" ကျွန်တော့်မွေးနေ့ဘယ်သူမှတ်မိလဲ ? "

" .... "

တိတ်ဆိတ်သွားတယ့်လေထုကြောင့်ရိပေါ်နှုတ်ခမ်းလေးတွန့်ရုံပြုံးလာခဲ့တယ်။ နားမလည်နိုင်တယ့်မျက်နှာတွေနဲ့ကြည့်နေတယ့်သူ့ရှေ့ကလူတွေရှေ့မှာမကြာလိုက်ဘူးတဟားဟားအော်ရီလာခဲ့တော့သည်အထိ.. စိတ်ထဲနာကျင်နေခဲ့ရတယ်။

Your ExistenceOpowieści tętniące życiem. Odkryj je teraz