ခေါင်းထဲကနေတစ်ဆစ်ဆစ်နားထင်ကိုထိုးကိုက်နေတာမို့သောက်တာတော်တော်များခဲ့တယ်ဆိုတာရိပေါ်သိပါသည်လေ။ရိပေါ်တစ်ယောက်မျက်မှောင်တို့ကြုတ်လိုက်ကာမျက်လုံးကိုတဖြည်းဖြည်းချင်းအားယူဖွင့်ကြည့်လိုက်ရင်းတွေ့လိုက်ရတယ့်အခန်းမျက်နှာကျက်ကြောင့်တစ်ချက်လောက်မျက်လုံးဝေ့ဝိုက်ရင်းမျက်တောင်တို့နှစ်ချက်မှခတ်ကြည့်လိုက်မိသည်။
သေချာတာပေါ့ ဒါသူတို့တိုက်ခန်းလည်းမဟုတ်သလို သူ့အိမ်လည်းဟုတ်မနေဘူး။" နိုးပြီလား နိုးရင်လည်းထတော့ ဆေးသောက်ပြီးမနက်စာလာစားလှည့် "
ရိပေါ်တစ်ယောက်အသံလာရာအခန်းတံခါးကိုလှမ်းကြည့်မိပြီးနောက်ငေါက်ကနဲထထိုက်လာတော့သည်။ အစ်ကိုရှောင်းက ဘယ်လိုလုပ်.. ဘယ်လိုလုပ်ပြီး.. shit !! ငါ့ကိုသူခေါ်လာခဲ့တာလား !!!
" ဘယ်လိုနေသေးလဲရိပေါ် ? ခေါင်းကိုက်နေတယ်မလား ? "
" ဟင်..အ အင်း..နည်းနည်းပါ "
ရှောင်းကျန့်အမေးကြောင့်ရိပေါ်ကြောင်ကြည့်နေရင်းမှခေါင်းလေးအသာငြိမ့်ပြကာဖြေလိုက်ပြီးကုတင်ထက်ထိုင်နေရာကအားယူထလာခဲ့လိုက်တော့သည်။
" ကျွန်တော်မနေ့ညက.. "
" အင်း မင်းမူးပြီးအိပ်ပျော်သွားတယ်လေ "
" ဪ.. "
တစ်ခဏအတွင်းဦးနှောက်ထဲပြန်ရောက်လာတယ့်ညကအဖြစ်အပျက်တွေကြောင့်ဉာဏ်ကောင်းတယ့်မိမိကိုယ်မိမိသာအပြစ်တင်မိပါရဲ့။ ဒါပေမယ့်ကြည့်ရတာအစ်ကိုရှောင်းကနေရမခက်စေချင်ဘူးထင်ပါရဲ့လေ ~ အဲ့တာလည်းတစ်ခုတော့ကောင်းသား..
မူးနေပေမယ့်အကုန်မှတ်မိနေခဲ့တယ်အစ်ကိုရှောင်း~ ဒါပမယ့်အစ်ကိုကဒီအကြောင်းအရာကိုမေ့ထားစေချင်ရင် ကျွန်တော့်နှလုံးသားထဲမှာဘဲသိမ်းဆည်းထားမှာပေါ့" မင်းကောင်မလေးနဲ့ပြတ်တာနဲ့ အဲ့လောက်သောက်ရလားကွာ ~ ကိုယ့်ကျန်းမာရေးထက်ကိုယ်ဘာမှအရေးကြီးတာမဟုတ်ဘူး "
" ကျွန်တော်နားလည်ပါပြီ ကျန့်ကောစိတ်ပူတယ်ဆိုကျွန်တော်နောက်ထပ်အများကြီးမသောက်တော့ဘူး "

ESTÁS LEYENDO
Your Existence
Fanfiction" ပုံမှန်အတိုင်းသွားလာလှုပ်ရှားရင်းပုခုံးချင်းယှဉ်ပြီး တစ်ယောက်နဲ့တစ်ယောက်ကျော်သွားနိုင်တဲ့ဆက်ဆံရေးတစ်ခုဘဲပေါ့ ခင်ဗျားရဲ့ဖြစ်တည်မှုကတော့.. ကျွန်တော့်နှလုံးသားရဲ့နက်ရှိုင်းတဲ့တစ်နေရာမှာဘဲလူမသိသူမသိတည်ရှိနေခဲ့ပါတယ် " ZawGyi " ပုံမှန်အတိုင်းသွားလာလှုပ်...