Part 9

338 28 3
                                    

Unicode

" ကျွန်တော်သဘောမတူပါဘူးဥက္ကဌကြီး "

ဆွေးနွေးမှုတစ်ခုဖြစ်နေပေမယ့်တစ်ဖက်နဲ့တစ်ဖက်ကတော့အားပြိုင်မှုရပ်ဝန်းတွေရှိနေတယ့်လူနှစ်ယောက်ကိုကျန်တဲ့သူကအသာအကဲခတ်နေကြရသည်။ ဒီနေရာမှာဒေါက်တာရှောင်းကမကြာခင်အထူးကုဆရာဝန်အဖြစ်စာမေးပွဲဖြေတော့မယ့်ဆရာဝန်တစ်ယောက်အဖြစ်ကလွဲပြီးဘာမှမပိုပေမယ့်တဖက်လူကတော့ဆေးရုံအုပ်ကြီးပင်.. အာဏာ ၊ လုပ်ပိုင်ခွင့် ၊ လွှမ်းမိုးနိုင်ခြင်းတွေအစအကွာကြီးကွာပြီး စီးပွားရေးသမားဆန်ဆန်သာတွေးခေါ်မှုတွေပြည့်နှက်နေသည်။ ဒေါက်တာရှောင်းကတော့တော်သည် ။ တော်တယ့်အပြင်စိတ်ရင်းစေသနာကလည်းလူကယ်တယ့်အလုပ်တစ်ခုဘဲစိတ်ဝင်စားတယ့်တသတ်မတ်ထဲသမား။ လူနာနဲ့ပတ်သတ်ရင်ဂျူနီယာတွေမပြောနဲ့ လုပ်ဖော်ကိုင်ဖတ်တွေကပါလေးစားရတယ့်အနေအထားရှိသလိုမနာလိုရတယ့်အနေအထားလည်းအ‌ပြည့်ရှိပြန်သည်။

ဆရာဝန်တွေကြားမှာလည်းအောင်မြင်မှုတွေရှိလာတယ့်အခါဘဝမေ့သွားတတ်တယ့်ဆရာဝန်တွေတစ်ပုံတစ်ပင်ပေမယ့်ဒေါက်တာရှောင်းကတော့သူအာရုံစိုက်ရမယ့်လမ်းကြောင်းကိုဘဲတစိုက်မတ်မတ်သွားသည်။ ဒါကအားသာချက်တစ်ခု.. ဒီအချက်တွေနဲ့အတူသူအခုရင်ဆိုင်နေရတာက..
အာဏာကြီးရင်နေရာတစ်ခုကိုလွယ်လွယ်ဖြုတ်ချပစ်လို့ရတယ်ဆိုတယ့်အရာက..ဆေးလောကမှာလည်းရှိနေတာဘဲ ..

" ကျုပ်ဖြစ်စေချင်တယ့်အရာက သိပ်ခက်ခဲတယ့်အရာမှမဟုတ်တာဒေါက်တာရှောင်း.. ခင်ဗျားသေချာစဉ်းစားကြည့်ပါ လွှတ်တော်အမတ်ကျန်းရဲ့ခွဲစိတ်ကုသမှုကိုသာခင်ဗျားဦးဆောင်ပေးပြီးခင်ဗျားအောင်မြင်သွားခဲ့ရင်.. ခင်ဗျားနာမည်ကဆိုရှယ်မီဒီယာရဲ့ထိပ်ဆုံးမှာရှိနေမှာ နောက်ပြီးဒီနန်ဟွာဆေးရုံနာမည်ရောပေါ့ "

" ... "

" ဘာမဟုတ်တဲ့ကလေးမလေးအစား.. လွှတ်တော်အမတ်ဆိုတယ့်လူပြောင်းသွားရုံပါဘဲ ဒေါက်တာရှောင်း ဒါကခင်ဗျားအတွက်အခွင့်အရေးဘဲ "

" ကျွန်တော်ကအဲ့အခွင့်အရေးကိုလက်မခံဘူးဆိုရင်ရော "

" ဒါကတော့မင်းရွေးတယ့်လမ်းဘဲ ဒေါက်တာရှောင်း ကျုပ်ကမင်းအရည်အချင်းတွေမြင်လို့မင်းကိုအခွင့်အရေးပေးနေတာပါ "

Your ExistenceWhere stories live. Discover now