Unicode" Baby don't cry ~ tonight ~~ duty ပျော်ပျော်ကြီးဆင်းကြရမယ့်ညခင်းလေးပါ ~ baby don't cry ~~ tonight ~~ ညဘက် round လှည့်ဖို့အတွက်ကော်ဖီလေးသောက်ထား ~~ "
ဒေါက်တာလုဟန်ရဲ့night duty အတွက် motivation song လေးကြောင့် ရိပေါ်တစ်ယောက်ကတော့ခေါင်းလေးအသာယမ်းမိလျှက်ပင်။ အချိန်အားဖြင့်ဒီဆေးရုံမှာအလုပ်လုပ်နေတာတစ်ပတ်ကျော်ပင်ကြာပြီမို့သူတို့နှစ်ယောက်တဖြည်းဖြည်းချင်းတော့နေသားကျလာပြီဖြစ်သည်။ ဒီနေ့ကတော့နှစ်ယောက်လုံးရဲ့ night duty ရှိနေတယ့်ပိတ်ရက်စနေနေ့မို့နှစ်ယောက်သားနားနေခန်းထဲမှာခဏနားနေကြခြင်း။ သူတို့နဲ့အတူရှိနေတယ့်စီနီယာဒေါက်တာမလေးကတော့လုဟန်ရဲ့ကြံကြံဖန်ဖန်သီချင်းတွေကြားရတိုင်းနှုတ်ခမ်လေးကိုလက်ကာပြီးတခွိခွိရီနေရသည်။ စီနီယာဒေါက်တာတိုင်းကလုဟန်ကိုရင်းနှီးလွယ်ကြသော်လည်းရိပေါ်ကိုဆိုရင်တော့နည်းနည်းရှိန်ကြသည်။ရိပေါ်ကလည်းအေးဆေးနေတတ်ပြီးကိုယ့်အလုပ်ကိုယ်ဘဲဦးစားပေးတာလည်းပါမည်။ထို့ကြောင့်ပင်တစ်ခုခုဆိုလျှင်လုဟန်ကိုဘဲတဆင့်ပြောပြောသွားတာမျိုးအထိရှိကြလေသည်။
ရိပေါ်တစ်ယောက်လူနာရောက်လာတာမို့ကုသဆောင်ထဲမှာ round လှည့်နေတုန်းပင်စစ်ဆေးကုသပေးဖို့ ပြင်လိုက်တော့သည်။သူနဲ့အတူပါလာတဲ့လုဟန်ကတော့တစ်ဖက်ကလူနာရှင်တွေနားမှာရပ်လိုက်ရင်းလူနာအခြေအနေကိုတစ်ယောက်တစ်ဖက်စီကြည့်နေကြသည်။ အနည်းငယ်မောနေဟန်ပြတယ့်လူနာဦးလေးကြီးကိုရိပေါ်တစ်ယောက်နားကြပ်နဲ့သေချာစမ်းသပ်နေရင်းလူနာဦးလေးကြီးမှသူခံစားရတယ့်အခြေအနေတွေကိုပြောလာခဲ့တော့သည်။
" ဗိုက်ထဲကလေးနေတာ .. အစာမကျေဘူးထင်တယ်ဒေါက်တာ ဖျားတာကတော့မနက်ကတည်းကဘဲ ~ "
" ဟုတ်ကဲ့ ကျွန်တော်တို့အရင်ဆုံးစစ်ဆေးကြည့်ကြတာပေါ့ "
ရိပေါ်သူ့နားကြပ်လေးကိုဂျူတီကုတ်ကအိပ်ကပ်လေးထဲထည့်လိုက်ရင်းဘေးနားကသူနာပြုဆရာမလေးဘက်လှည့်ကာ
" သွေးနမူနာယူပြီးရင်ခေါင်းဓာတ်မှန်ရိုက်ရမယ်
အာ.. တစ်ဆက်တည်းနှလုံးဓာတ်မှန်ပါရိုက်ပေးပါ "
ESTÁS LEYENDO
Your Existence
Fanfic" ပုံမှန်အတိုင်းသွားလာလှုပ်ရှားရင်းပုခုံးချင်းယှဉ်ပြီး တစ်ယောက်နဲ့တစ်ယောက်ကျော်သွားနိုင်တဲ့ဆက်ဆံရေးတစ်ခုဘဲပေါ့ ခင်ဗျားရဲ့ဖြစ်တည်မှုကတော့.. ကျွန်တော့်နှလုံးသားရဲ့နက်ရှိုင်းတဲ့တစ်နေရာမှာဘဲလူမသိသူမသိတည်ရှိနေခဲ့ပါတယ် " ZawGyi " ပုံမှန်အတိုင်းသွားလာလှုပ်...