Unicode
အခန်း-၁ ( အရာအားလုံး စတင်ခဲ့တဲ့နေ့ )
အဲ့ဒီနေ့က အကိုနဲ့ကျွန်တော်
ပထမဆုံး စဆုံခဲ့တဲ့နေ့လေ...
မှတ်မှတ်ရရ ကျောင်းဆင်းခါးနီးအချိန်
မိုးတွေ သည်းသည်းထန်ထန် ရွာနေခဲ့တာ ။" ခန့်အိမ် ထုံးစံအတိုင်း
ထီးမေ့ကျန်ခဲ့ပြန်ပြီလား "ရုက္ခဗေဒ အဆောင်ရှေ့မတ်တပ်ရင်း
မိုးရွာနေတာကို အကြောင်းမဲ့ ငေးနေမိတဲ့
ကျွန်တော့်အား ဆုငယ်က ဘေးနားမှာ
လာရပ်ရင်းစကားပြောလာလေသည်။" အေးဟာ ... စိတ်ညစ်ပါတယ်
မိုးကလည်း ဒီလောက်သည်းနေတော့
ငါ့မှာ ပြေးသွားလို့လည်း မရဘူး ""ဟမ်.... ပြေးသွားဖို့ မသွားဖို့က
မိုးသည်းမသည်းနဲ့ ဆိုင်လို့လား "" ဟ......ဆိုင်တာပေါ့...
နင်ပဲ စဉ်းစားကြည့်စမ်း
ငါ့လို major king က မိုးသည်းထဲ
ပြေးသွားစရာလား။
ကြွက်စုတ် ဖြစ်သွားမှာပေါ့
မိုးဖွဲဖွဲလေးဆိုလည်း ဟုတ်သေးတယ်
ငါ့မှာstyle ကျကျ ဆွဲဆောင်မှုရှိရှိနဲ့
ပြေးသွားလို့ရတယ် အခုဟာက ... "" အမလေးဟယ်......
ကြီးကြီးကျယ်ကျယ်နဲ့ "ကောင်းကင်ကိုမော့ကြည့်ကာ
မျက်နှာကြီး ရှုံ့မဲနေတဲ့ ခန့်အိမ်ကိုကြည့်ရင်း
ဆုငယ် ပြောလည်းပြောမျက်စောင်းလည်း
ထိုးလိုက်သည် ။" ကျယ်ရမှာပဲလေ ....
ငါကစောက်ချောကြီးပဲဟာ
Image မထိဖို့အရေး ခန့်အိမ်တို့အရေးဘဲ
ဒါမှ စော်လေးတွေဝိုင်းမှာ "" နင့်လို ချီးပုံကို
စော်လေးတွေက ဝိုင်းစရာလား
ကွေ့ပြီပဲ ရှောင်မှာပေါ့ အရူးရဲ့ "" ဘာတွေ ရန်တွေ့နေတာလဲ ငယ်ရဲ့ "
ခန့်အိမ် ဆုငယ်စကားအား
ပြန်ပြောဖို့ လုပ်နေတဲ့အချိန်
ဆုငယ်ဘေးသို့ရောက်လာတဲ့ လူကြောင့်
ပြောမဲ့စကားများအား ပြန်မျိုချလိုက်သည်။" ရန်တွေ့နေတာ မဟုတ်ပါဘူး
ကိုကိုရဲ့ အမှန်တရားတွေပြောပြနေတာပါ "" ဟုတ်လား ဘာအမှန်တရားတွေလည်း
ကိုကို့ကိုလည်း ပြောပြဉီးလေ "
YOU ARE READING
Say you are mine (U+Z)
Romanceအမြဲလိုလို ခန့်အိမ်ကို flirt သလိုလိုနဲ့ စရတာသဘောကျတဲ့ ဇေယျာနဲ့ ဇေယျာရဲ့ flirt မှုတွေကြား မျောပါသွားပြီး ဇေယျာ့ကို ပြန်Flirt ပြီး သိမ်းပိုက်မယ့် ခန့်အိမ် တို့ကြားက အချစ်ကို romance ဆန်ဆန်လေး ဖော်ပြသွားမှာ ဖြစ်ပါတယ်။ _________...