Unicode
အခန်း -10 (အမူးသမား )
တင်...📱
Facebook မှ noti တက်လာတာကြောင့်
ခန့်အိမ် ၀င်ကြည့်မိလိုက်ကာ
အကိုက Ligus မှာ check-in
တင်ထားတာကို တွေ့လိုက်ရသည်။
ထို့နောက် ရုတ်တစ်ရပ်
အတွေးတစ်ခု ၀င်လာတာကြောင့်
သက်ပိုင်ကို Ph လှမ်းဆက်တော့သည်။
" အေး.. သက်ပိုင် Ligus သွားရအောင် "" ဟမ် ... အခုလား "
သက်ပိုင် ခန့်အိမ်ကိုမေးရင်း
စားပွဲပေါ်က နာရီကို လှမ်းကြည့်လိုက်တော့
အချိန်က ည ၉နာရီခွဲ ကိုပြနေလေသည်။" အေး... အကို...Ligus ရောက်နေလို့
ငါလိုက်သွားချင်လို့... "" ထင်တော့ ထင်သား
ဒီအချိန်ဆို အပြင်မထွက်တဲ့
ကောင်က အပြင်ထွက်မယ်ဆိုတော့ "" အေး ... လိုက်မှာလား မင်း "
" မေးနေစရာတောင် လိုသေးလို့လား "
" အေး အဲ့ဒါဆို Ligus ရှေ့မှာ စုံမယ် "
" အေး .... "
ခန့်အိမ် သက်ပိုင်နဲ့ ph ပြောပြီးတာနဲ့
ဗီရိုနားသွားကာ အ၀တ်ရွေးရတော့သည်။
ပေါ့ပေါ့ပါးပါး Style လေးပဲ
၀တ်ချင်တာကြောင့်
shirt အမဲစင်းအပွလေးနဲ့
ဒူးပြဲ skiny ဘောင်းဘီ
အမဲကို ယူဝတ်လိုက်ကာ ဖိနပ်ကိုတော့
ဒီခါ Addidas အမဲလေးစီးလိုက်သည်။
ရေကတော့ ကျောင်းက ပြန်လာတည်းက
ချိုးထားတာကြောင့် ထပ်မချိုးချင်တော့ပေ။ဒီလိုနဲ့ ခန့်အိမ် ခြေသံဖွဖွလေးနင်းကာ
အောက်ထပ်ကို ဆင်းလာလေသည်။
ကံကောင်းစွာနဲ့ မေတို့က အိပ်နေပြီမို့
အောင်အောင်မြင်မြင်နဲ့
ခြံပြင်ထွက်လာလိုက်နိုင်သည်။
ထို့နောက် Taxi ငှားကာ Ligus ဆီသို့
ဦးတည်လိုက်သည် ။
.......................................................................
Ligus ထဲရောက်တော့ အရင်ဆုံး
ထိုင်စရာနေရာမရှာသေးဘဲ
အကို့ကို အရင်ပတ်ရှာလိုက်ကာ
ထောင့်ကျကျ ဝိုင်းမှာ ထိုင်နေတဲ့
အကို့ကို တွေ့တော့မှ အကိုတို့ဝိုင်းရဲ့
မျက်စောင်းထိုးဝိုင်းမှာ ၀င်ထိုင်လိုက်သည်။အကို့ဘေးမှာ ခန့်အိမ်မမြင်ဖူးသော
လူတွေချည်းပဲ ထိုင်နေတာမို့
ကြည့်ရတာ အကို့အပြင်က
သူငယ်ချင်းတွေ ဖြစ်ပုံရသည် ။
ထို့နောက် သက်ပိုင်က
သောက်စရာသွားယူမည်ဟုပြောကာ
ထထွက်သွားလေသည်။
YOU ARE READING
Say you are mine (U+Z)
Romanceအမြဲလိုလို ခန့်အိမ်ကို flirt သလိုလိုနဲ့ စရတာသဘောကျတဲ့ ဇေယျာနဲ့ ဇေယျာရဲ့ flirt မှုတွေကြား မျောပါသွားပြီး ဇေယျာ့ကို ပြန်Flirt ပြီး သိမ်းပိုက်မယ့် ခန့်အိမ် တို့ကြားက အချစ်ကို romance ဆန်ဆန်လေး ဖော်ပြသွားမှာ ဖြစ်ပါတယ်။ _________...