Uni Code
အခန်း-၁၆(တွေ့ဆုံခြင်း )
ခန့်အိမ် အကို့အိမ်က
ထွက်လာသော်လည်း
ဘယ်သွားရမှန်းမသိပေ။
ကျောင်းလည်း မသွားချင်သလို
အိမ်လည်း ပြန်ချင်စိတ်မရှိ။
သက်ပိုင်ကိုလည်း လှမ်းမခေါ်ချင်တာကြောင့်
တစ်ယောက်တည်းခြေဉီးတည့်ရာ
လျှောက်သွားဖို့ စဉ်းစားရင်း
လမ်းဆက်လျှောက်နေလိုက်သည်။ပွမ်....
အနောက်ကနေ ကျယ်လောင်တဲ့
ကားဟွန်းတီးသံကြီး ရုတ်တရပ်ထွက်လာ၍
ခန့်အိမ်လန့်သွားပြီး
ခြေချော်သွားကာ လဲကျတော့သည်။စစ်မာန်ဟိန်း သူ့ကားရှေ့မှာပစ်လဲသွားသော
ကောင်လေးကို ကြည့်ရင်း
စိတ်ညစ်သွားလေသည် ။တစ်ကယ်ကို ဒီနေ့က သူ့အတွက်
ဘယ်လို ကံဆိုးတဲ့နေ့လဲ ။
မနက်တည်းက အလုပ်ကိစ္စတွေ
ဘာတစ်ခုမှ အဆင်မပြေတဲ့အပြင်
အခုလည်း သူ့ကားနဲ့မတိုက်မိပါဘဲ
ကောင်လေးတစ်ယောက်က
သူ့ကားရှေ့ လဲကျသွားပြန်ပြီ.... ။စစ်မာန်ဟိန်း စိတ်ကို အတတ်နိုင်ဆုံး
လျှော့ချကာ ကားတံခါးဖွင့်ပြီး
သူ့ကားရှေ့လဲနေသော ကောင်လေးနား
သွားလိုက်သည်။" ဟေ့... ဒီမှာ...မင်းကို
ကိုယ့်ကားနဲ့ မတိုက်မိဘူးနော်...
မင်းဟာမင်း ခြေခေါက်ပြီးလဲတာ ..
ကိုယ်နဲ့မဆိုင်ဘူး "စစ်မာန်ဟိန်း ထိုသို့ပြောလိုက်သောအခါ
ကောင်လေးက သူ့ကို
မျက်လုံးပြူးပြူးလေးများနဲ့
မော့ကြည့်လာလေသည်။
ထိုမျက်လုံးများက သူ့ကိုပြုစားနိုင်တဲ့
တစ်စုံတစ်ယောက်နဲ့တူနေတာမို့
စစ်မာန်ဟိန်း စိတ်ထဲဗလာဖြစ်သွားကာ
ထွေထွေကြီးသာ ထိုမျက်လုံးများအား
တအံ့တဩ စိုက်ကြည့်နေမိသည်။ခန့်အိမ် သူ့ကို ၀မ်းနည်းတဲ့
မျက်ဝန်းများနဲ့ စိုက်ကြည့်နေတဲ့
အရှေ့ကဉီးလေးကြီးကြောင့်
ကြောင်အသွားလေသည်။ဘာလဲသူနဲ့ ဒီလူက တွေ့ဖူးလို့လား။
ဘာလို့ သူ့ကိုအဲ့လို လာကြည့်နေရတာလဲ။
တွေးနေတာထပ် မေးလိုက်တာက
ပိုအဆင်ပြေတာကြောင့် ခန့်အိမ်
အရှေ့မှ ဦးလေးကြီးအား ထုတ်မေးလိုက်သည်။
YOU ARE READING
Say you are mine (U+Z)
Roman d'amourအမြဲလိုလို ခန့်အိမ်ကို flirt သလိုလိုနဲ့ စရတာသဘောကျတဲ့ ဇေယျာနဲ့ ဇေယျာရဲ့ flirt မှုတွေကြား မျောပါသွားပြီး ဇေယျာ့ကို ပြန်Flirt ပြီး သိမ်းပိုက်မယ့် ခန့်အိမ် တို့ကြားက အချစ်ကို romance ဆန်ဆန်လေး ဖော်ပြသွားမှာ ဖြစ်ပါတယ်။ _________...