အခန်း-၈(အကူအညီတောင်းခြင်း)

274 24 7
                                    

UniCode

အခန်း -၈ ( အကူအညီတောင်းခြင်း )

Chemistry practical room ထဲတွင်
ခန့်အိမ်နဲ့ သက်ပိုင်တို့က
အတူတူထိုင်ရင်း စကားခိုးပြောနေကြသည်။

" ဟေ့ယျောင်... ငါ့ကို
အကို့ကိစ္စ ကူစဉ်းစားပေးမယ်ဆို "

" အေးလေ ... "

" အဲ့တာဆို အခု ငါဘာဆက်လုပ်ရမှာလဲ "

သက်ပိုင် ခန့်အိမ်ရဲ့ ဒီစကားကို
စောင့်နေတာဖြစ်သည်။
သူလိုချင်တဲ့ အကွက်ထဲ
ခန့်အိမ်က ၀င်လာတာမို့
အတောက်ပဆုံး ပြုံးပြလိုက်ရင်း
သူ၏အစီအစဥ္အား ပြောပြလိုက်သည်။

" မင်း.. ဆုငယ်သူငယ်ချင်း
မေသဇင်ကို သိတယ်မလား
ဟိုနေ့က Canteen လာတဲ့တစ်ယောက်လေ "

" အေးသိတယ်... အဲ့တာနဲ့
ငါ့ကိစ္စနဲ့က ဘာဆိုင်လို့လဲ .."

"ဟ... ဆိုင်တာပေါ့ကွာ
မေသဇင် က fujoshi လေ
သူက ဒီလိုကိစ္စတွေဆို ကျွမ်းတယ်
မင်းသူ့ကို အကူအညီတောင်းကြည့်ပါလား "

" ဒါပင်မဲ့ ... ငါနဲ့သူကမခင်ဘူးလေ "

ဟုတ်တယ်လေဗျာ ကိုယ်နဲ့
မခင်တဲ့ တစ်ယောက်ကိုတော့
ဒီလိုကိစ္စတွေပြောပြီး
အကူအညီမတောင်းနိုင်ပါဘူး ။

ထိုအခါ သက်ပိုင်က
တုံးရန်ကောဆိုတဲ့ အကြည့်နဲ့
ခန့်အိမ်အား ကြည့်လာလေသည်။

" ဆုငယ်နဲ့ ခင်တယ်လေကွာ
ဆုငယ်ကို အကူအညီတောင်းခိုင်းရမှာပေါ့ "

ဒီလိုပြောတော့လည်း သက်ပိုင်ရဲ့
အကြံက မဆိုးလှတော့ကြောင့်
ခန့်အိမ် ခေါင်းငြိတ်လိုက်သည်။
အကို့ကို လိုက်မဲ့ ကိစ္စက
သူနဲ့လည်း မရင်းနှီးတဲ့ ကိစ္စမို့
ဒီလိုကိစ္စတွေနဲ့ ရင်နှီးတဲ့သူတစ်ယောက်ကို
အကူအညီတောင်းတာက
အများကြီးပိုအဆင်ပြေလေသည်။
ပြီးတော့.. ကူညီမဲ့သူတွေများလေလေ
သူ့အတွက် အကို့ကိုလိုက်ဖို့က
ပိုပြီးလွယ်ကူနိုင်လေပဲလေ...။

ဒါနဲ့နေပါဉီး သက်ပိုင်က
ဆုငယ်သူငယ်ချင်းမလေးက
Fujoshi မှန်း ဘယ်လိုလုပ်သိတာလဲ ..။

ခန့်အိမ်တွေးလေ သံသယဖြစ်လေပဲမို့
သက်ပိုင်ဘက်လှည့်ကာ သံသယ၀င်တဲ့
အကြည့်နဲ့ကြည့်ပြီး သက်ပိုင်အားမေးလိုက်သည်။

Say you are mine (U+Z)Where stories live. Discover now