အခန်း-၆ (သဘောကျခြင်း )

310 24 11
                                    

UniCode

အခန်း-၆ ( သဘောကျခြင်း )

တီ....တီ....တီ...တီ...
တီ....တီ....တီ....တီ

Ph Alarm မြည်လာတာကြောင့်
ကုတင်ဘေးက စားပွဲကို
လက်လှမ်းကာ Ph ကိုဆွဲယူပြီး
ပိတ်ပစ်လိုက်သည်။

ညက အကိုနဲ့ပတ်သတ်တဲ့
ဘ နဲ့ စတဲ့ မေးခွန်းတွေရဲ့
အဖြေကိုရဖို့ တစ်ညလုံး
ကြိုးစားပန်းစား မအိပ်ဘဲ
အဖြေထုတ်နေခဲ့သော်လည်း
အဖြေမထွက်သေးတာကြောင့်
အိပ်မရတာဘဲ အဖက်တင်ခဲ့သည် ။

ထို့ကြောင့်နဲ့ စိတ်ညစ်ညူးစွာ
သက်ပြင်းကိုချရင်း ရေချိုးခန်းထဲ
၀င်လာခဲ့လိုက်သည်။ မနက်၆နာရီခွဲနေပြီမို့
ကျောင်းသွားဖို့ ပြင်ရတော့မည်လေ။
.................................................

ကျောင်းခန်းထဲ ၀င်လိုက်တာနဲ့
ထိုင်နေကြဖြစ်တဲ့ နောက်ဆုံးတန်းကိုသာ
အရင်ဆုံးသွားလိုက်ပြီး
ထိုင်ခုံမှာ ၀င်ထိုင်ပြီးတာနဲ့
လွယ်အိတ် မချွတ်တော့ဘဲ
စားပွဲခုံပေါ်သာ တန်းမှောက်ပစ်လိုက်သည်။
ဒီအချိန်မှာ Image ပျက်မှာတွေ
ဘာတွေလည်း ဂရုမစိုက်နိုင်တော့ပေ။

" ဟေ့ယျောင့် ခန့်အိမ် "

ခေါင်းချပြီး ခဏ
သက်ပိုင်ခေါ်သံကြားတာကြောင့်
သက်ပိုင်ဘက် ခေါင်းလှည့်လိုက်ရင်း

" အေး....ပြော "

" ဘာကို အေးပြောလည်း
အရင်လည်း ဒီအတိုင်းပဲ​ခေါ်နေကြကို "

"..........."

ခန့်အိမ်က သူ့စကားကို
ဘာမှပြန်မပြောဘဲ တစ်ချက်သာ
ကြည့်ပြီး စားပွဲပေါ်တစ်ဖန်  
ခေါင်းပြန်မှောက်သွားတာကြောင့်
သက်ပိုင် မျက်ခုံးပင့်သွားပြီး
ခန့်အိမ်အား သေချာကြည့်လိုက်သည်။

အမြဲလိုလို သပ်သပ်ရပ်ရပ်နေတတ်တဲ့
ခန့်အိမ်လို Imgae ပျက်မှာ
ကြောက်တဲ့ကောင်က အခုတော့
ဆံပင်တွေလည်း ရှုတ်ပွနေကာ
မျက်တွင်းတွေပါ ကျနေပြီး
နှုတ်ခမ်းတွေလည်း  ဖြူဖျော့နေသည် ။

နေပါဉီး ဒီကောင်အခု
စိတ်ညစ်နေတာလား ဒါမှမဟုတ်
စိတ်ဓာတ် ကျနေတာလား
ပုံစံက တစ်ခုခုတော့
ဖြစ်နေတာသေချာတယ် ။

Say you are mine (U+Z)Where stories live. Discover now