အခန်း-၂ ( အကိုဘာဖြစ်ချင်နေတာလဲ )

413 28 22
                                    

UniCode

အခန်း -၂ ( အကိုဘာဖြစ်ချင်နေတာလဲ )

" ခန့်အိမ် ... canteen သွားရအောင်
ငါ ဗိုက်ဆာနေလို့ "

" အေး သွားလေ ..ငါလည်း Chemistry အချိန်
ဆက်မတက်ချင်တော့ဘူး "

သက်ပိုင်ကို ပြန်ဖြေပြီးတာနဲ့
လွယ်အိတ်ကို သေချာမလွယ်တော့ဘဲ
လက်မှဆွဲကိုင်ကာ...ခန့်အိမ် သက်ပိုင်နဲ့အတူ
အတန်းမှ ထွက်လာလိုက်သည်။

" ဟဲ့ နင်တို့ ဘယ်သွားကြမလို့လဲ "

အတန်းထဲမှ ထွက်ရုံရှိသေး
လှမ်း​မေးတဲ့ ဆုငယ်အသံကြောင့်
နှစ်ယောက်သား မတိုင်ပင်ပါပဲ
မျက်နှာ အလိုလို မဲ့သွားကြသည်။

Canteen သွားမယ်ဆိုတာသာသိရင်
ဆုငယ်က ကျိန်းသေပေါက်
လိုက်တော့မှာပင်။
သို့ပင်မဲ့လည်း Uni စတက်တည်းက
ပေါင်းဖြစ်ခဲ့တဲ့ တစ်ဉီးတည်းသော
မိန်းခလေးသူငယ်ချင်းမို့ မည်သို့မျှ
လျစ်လျူမရှု့နိုင် ။ ထိုကြောင့်

" Canteen သွားမလို့ "

" ဟယ် ... ငါလည်းလိုက်မယ်
ငါလည်းလိုက်မယ် "

မျက်လုံးများ ဘလင်းဘလင်းထကာ
တစ်ခါတည်း လွယ်အိတ်လွယ်ပြီး
ဆွဲခြင်းထောင်ဆွဲကိုင်နေတာမို့
သက်ပိုင်မှာ ပြူးပြူးပြာပြာတားတော့သည်။

" ယောကျာ်းလေး ၂ယောက်ကြား
ဘာလိုက်လုပ်မှာလဲ မလိုက်နဲ့
သူများမြင်လို့ မကောင်းဘူး "

" ဟဲ့ သူများမြင်လို့မကောင်းအောင်
ငါက ဘာလုပ်နေလို့လဲ...
မသိဘူးနော် လိုက်မှာဘဲ "

" သက်ပိုင်ရာ ပြောလည်းမရတာ သိသားနဲ့
မင်းမို့လို့ လေကုန်ခံပြီး ပြောနေသေးတယ်
ဆုငယ်မ လိုက်မယ်ဆို မြန်မြန်ထွက်
တီချယ်ရောက်လာမှ မသွားရဘဲ နေမယ် "

" အေးပါ ငါသိပါတယ်...
ရော့ခြင်းထောင်း ယူပြီး အဆောင်ရှေ့မှာစောင့်နေ
ငါ Toilet ခဏ ၀င်ဉီးမယ် "

ထိုအခါ သက်ပိုင်က မကျေမနပ်ဆိုလာသည်။

" ၃၁ဘုံမှာ သူ့လောက် အလုပ်ရှုတ်တဲ့သူ
ရှိမှာမဟုတ်တော့ဘူး "

" လာစမ်းပါကွာ ပြောမနေနဲ့
ဆုငယ်ကို နိုင်တာလည်း မဟုတ်ဘဲနဲ့ "

Say you are mine (U+Z)Where stories live. Discover now