အခန်း-၁၇(စတီးလိုဖြောင့်တဲ့သူ)

222 10 2
                                    

UniCode

ညနေခင်း အချိန်သာဖြစ်သော်လည်း
Ligus မှာ လူအတော်အတန်စည်နေပြီး
ဇေယျာပိုင်သည်လည်း ထုံးစံအတိုင်း  
Ligus တွင် ရောက်နေ​ေလသည်။             

အရင်အတိုင်းသာဆို ဇေယျာမှာ
အလည်၀ိုင်းတွင်သာ ထိုင်နေမည်
ဖြစ်သော်လည်း
ယခုတွင်မူ ခံစားချက်များက
၀င်္ကာပါသဖွယ် ရှုတ်ထွေးနေတာကြောင့်  
ထောင့်ကျသည့် ၀ိုင်းတွင်သာ
ထိုင်နေမိပြီး နေ့ခင်းက
ခန့်အိမ်နဲ့ ဖြစ်ခဲ့တဲ့ကိစ္စကိုသာ
ပြန်တွေးနေမိသည်။

ထိုအချိန်တုန်းက ခန့်အိမ်အပေါ်တွင်
ဇေယျာ၏ ပိုင်ဆိုင်လိုစိတ်သာ
ကြီးထွားနေပြီး
ထိန်းချုပ်လို့ မရနိုင်လောက်အောင်အထိ 
စိတ်တွေ လွတ်ထွက်သွားခဲ့သည်
ဆိုတာကိုတော့
သူကိုယ်တိုင်သာ သိသည်။

တွဲခဲ့ဖူးသည့် ဘယ်မိန်းကလေးနဲ့
ထိုကဲ့သို့ စိတ်လှုတ်ရှားမှုရော  
စိတ်လွတ်ထွက်သွားသည်အထိရော
မထိန်းချုပ်နိုင်တာမျိုးရော သူမဖြစ်ဖူးပေ။
ထု့ိကြောင့် အဲ့ဒီခံစားချက်များက   
သူ့အတွက် ဆန်းသစ်နေကာ
ဘယ်လိုမျိုး တုံ့ပြန်ရမယ်မှန်း
သူမသိပေ။

တွေးမိလေလေ ပိုပြီးနားမလည်လေလေ  
ဖြစ်လာတာကြောင့် ဇေယျာ
တစ်ဖန် စိတ်ရှုတာလာကာ...ဒီနေ့အဖို့
ဘယ်နှစ်ကြိမ် မြောက်မှန်းမသိသော
သက်ပြင်းအား ထပ်ချလိုက်ပြီး
မကျေနပ်ဖြင့် ခပ်တိုးတိုးရေရွတ်မိသည်။

" ကိုယ့်ရဲ့ ခံစားချက်တွေကို
ဒီလိုမျိုး ရှုတ်ထွေးသွားအောင် အထိ
ဘယ်လိုများ မင်းလုပ်နိုင်ခဲ့တာလဲ ခန့်အိမ် "

" hey... တစ်ယောက်တည်းလား
စိတ်မရှိဘူးဆိုရင် ရိုစီအဖော်လုပ်ပေးရမလား "

ဇေယျာ့၏ နံဘေးတွင်၀င်ထိုင်ကာ
ကလူသလိုလို ပြောလာတဲ့
ရိုစီဆိုသူ  ကောင်မလေးအား
ကြည့်လိုက်ရင်း ဖျက်ခနဲ 
အတွေးတစ်ခုပေါ်လာလေသည်။ ထို့ကြောင့်  
နံဘေးရှိ ရိုစီ၏ လက်မောင်းအား    
သူ့ဘက် လှမ်းဆွဲလိုက်ကာ
သူမ၏ နှုတ်ခမ်းများအား
ထိကပ်လိုက်သည်။ 
..................................................
📱I need somebody who
can love me at my worst 📱

သက်ပိုင် Game ကစားနေရင်း
မြည်လာတဲ့ Ph သံကြောင့်
ခေါ်ဆိုသူအား မကြည့်လိုက်ဘဲ
ကိုင်လိုက်သည်။

Say you are mine (U+Z)Where stories live. Discover now