အခန်း-၁၈(ရေစက်ဆိုး)

322 16 6
                                    

Uni Code

အတန်းထဲက ယောကျာ်းလေးတင်ထားသည့်
ပုံထဲက​ေထာင့် တစ်နေရာတွင်
အကို့ကို  တွေ့လိုက်ရတာကြောင့်
ခန့်အိမ် အံ့သြသွားကာ  
သေချာ အနီးကပ်ကြည့်လိုက်မိသည်။ 

ထို့နောက် တစ်ကယ်ပဲ  
အကိုဖြစ်နေတာကို တွေ့လို်က်ရပြီး   
အကိုနဲ့အတူလည်း
ကောင်မလေးတစ်ယောက်ကို
တွေ့လိုက်ရတာကြောင့်
ခန့်အိမ် စိတ်လှုတ်ရှားသွားကာ
လက်ဖျားတွေပါ အေးစက်လာသည်။

မဟုတ်လောက်ပါဘူး ဟုတ်တယ်မလား။
အကိုက သူထင်နေသလိုမျိုး
သူ့နောက်ကွယ်မှာ အဲ့လို
ဖောက်ပြန်နေတာမျိုး
မလုပ်လောက်ဘူးမလား။ 

အကိုကိုယ်တိုင် သူ့ကို
ကတိ သေချာပေးထားတာလေ..
သူ အကို့ကိုယုံရမယ်မလား ။
ဒါက အကို့သူငယ်ချင်းပဲ နေမှာပါ ။
ပြီးတော့ သူတို့တို့ထိုင်နေတာကလည်း 
ဘေးချင်းကပ်ရုံလေးပဲဟာ။ ကျန်တာ
ဘာမှမရှိလောက်ပါဘူး ဟုတ်တယ်မလား။

ခန့်အိမ်ကိုယ့်ကိုယ်ကို
စိတ်ငြိမ်အောင်လုပ်လိုက်ကာ
ထိုကောင်လေးတင်ထားသည့်
ကျန်သည့် ၃ပုံအား ဆက်ကြည့်လိုက်မိသည်။

ထို့နောက် မည်သူက ထင်ထားမည်နည်း။  
မဟုတ်လောက်ပါဘူးဟု တွေးထားသည့်
ထိုအတွေးတွေအား နောက်ဆုံးပုံ၂ပုံက
ဖြတ်ရိုက်လိုက်မည်ဆိုတာကိုပင်။

ပုံထဲမှာ အကိုက သူ့ဘေးက
ကောင်မလေး၏လက်မောင်းအား
လက်တစ်ဖက်နဲ့ကိုင်ထားပြီး 
ထိုကောင်မလေး၏ နှုတ်ခမ်းမျာအား
သူသိပ်သဘောကျသည့် အကို့နှုတ်ခမ်းတွေနှင့်
ဖိကပ်ကာ နမ်းနေလေသည်။

ဖောက်ပြန်ခံလိုက်ရတာကြောင့်လား။
ယုံကြည်မှုကို အလွဲသုံးစား
လုပ်ခံလိုက် ရတာကြောင့်လား။
ဒါမှမဟုတ် အကိုက
သူမဟုတ်တဲ့ တစ်ခြားတစ်ယောက်နဲ့
နမ်းနေတာကြောင့်လား။
ဘာကြောင့်မှန်းမသိပင်မဲ့
ရင်ထဲသို့ ဆန်တက်လာသော
၀မ်းနည်းမှုများကြောင့် ခန့်အိမ်ရဲ့
မျက်လုံးများ ​ေ၀့၀ါးလာကာ
မျက်ရည်များ အတားအဆီးမရှိ
ပြိုကျလာသည်။

အကို ဘာလို့  
ဒီကတိလေး တစ်ခုတောင်  
မတည်ပေး နိုင်ရတာလဲ ။  
အများကြီး တောင်းဆိုထားတာလည်း
မဟုတ်ပါဘဲနဲ့ ဘာလို့
ဒီကတိလေးတောင် မတည်ပေးနိုင်ရတာလဲ။

Say you are mine (U+Z)Where stories live. Discover now