အပိုင်း-၅(ရှုတ်ထွေးခြင်း)

319 25 2
                                    

UniCode

အပိုင်း -၅ (ရှုတ်ထွေးခြင်း )

" ကဲ....အသဲ ကိုယ့်ကိုဘယ်ချိန်ထိ
စိတ်ကောက်နေဦးမှာလဲ..
စိတ်ဆိုးပြေပေးပါတော့နော် "

ခန့်အိမ် အကို့ကြောင့် ရှက်စိတ်ဝင်နေ၍
ခေါင်းမဖော်ရဲဘဲ ခေါင်းငုံထားရမှာ
ကြားလိုက်ရသော နာမ်စားကြောင့်
ရင်ထဲ ထိတ်သွားသည် ။

အသဲ ...ငါက အသဲမှမဟုတ်တာ
အသဲ ဆိုတဲ့ နာမ်စားလည်း
ရင်းရင်းနှီးနှီး ကြားဖူးနေသလိုပဲ။

အတွေးနဲ့အတူ အကို့ကိုမော့ကြည့်မိတော့
ကိုယ့်ကို ဆက်ကြည့်နေဆဲပဲမို့
စိတ်ထဲမသင်္ကာဖြစ်လာကာ
အနောက်ဘက် လှည့်ကြည့်မိသည်။
အဲ့တော့မှ အကိုခေါ်တဲ့
အကို့ရဲ့ အသဲဆိုသူကို တွေ့လိုက်ရသည်။

သေသေချာချာသာ အကို့ကို
စိုက်ကြည့်ဖြစ်ခဲ့မယ် ဆိုရင်
အကို့ရဲ့ မျက်လုံးလားရာတွေက
ခန့်အိမ်မဟုတ်တဲ့
အနောက်ဝိုင်းက အကို့ရဲ့
ဘယ်နှစ်ယောက်မြောက်မှန်းမသိတဲ့
ကောင်မလေးဆီမှာဆိုတာ သိခဲ့မှာပေ။
အခုတော့ အကုန်စောက်တစ်လွဲ​​တေ
​ြဖစ်ကုန်လေပြီ ။

ကိုယ့်ဘက်က ကြည့်ပြန်တော့လည်း
မသိရင် အဲ့မျက်လုံးတွေက
ကိုယ့်ကိုကြည့်နေသလိုပဲမို့
ရှက်စိတ်တွေဝင်ကာ
သေချာမကြည့်ခဲ့ဖြစ်ခဲ့ပေ။
အခုတော့ ကိုယ့်ကိုယ်ကို
စွတ်အထင်ကြီးပြီး Feel တက်ခဲ့သမျှ
အကုန် မြောင်းထဲရောက်ကုန်ပြီ။

ဟက်...တွေးလိုက်တော့မှပဲ
ရင်ထဲ အောင့်သက်သက်တောင်
ဖြစ်သွားသလိုပဲ။
.
ဘာလို့လဲ..အကို့သီချင်းနဲ့
အကို့အကြည့်တွေက
ကျွန်တော့်အတွက် မရည်ရွယ်လို့လား
ဒါမှမဟုတ် ရှက်စိတ်ကြောင့်လား
ဘာကြောင့်မှန်းမသိပင်မဲ့
ရင်ထဲမှာတော့ စူးအောင့်နေသည်  ။

နောက်ဆုံးတော့လည်း
သေချာမကြည့်မိတဲ့ ကိုယ့်စောက်ပြစ်ပဲမို့
ဘာမှဆက်တွေးမနေတော့ဘဲ
စိတ်ကို အဆုံးထိ လျှော့ချလိုက်သည်။
အခုထိလည်း Canteen ထဲက
မထွက်ရသေး၍ သရုပ်ပျက်နေလို့မရပေ ။

" ခန့်အိမ် ငါ physic ဆောင်
သွားချင်လို့ လိုက်ခဲ့ပါလား "

အချိန်ကိုက်ဆိုသလို ပြောလာတဲ့
သက်ပိုင်စကားကြောင့်
ခန့်အိမ် အသက်ရှူချောင်သွားသလို
ခံစားရသည်။ သူ တစ်ကယ်
ဒီနေရာက ထွက်ချင်နေပြီ ။

Say you are mine (U+Z)Where stories live. Discover now