UniCode
အခန်း- ၁၄ ( ဝံပုလွေကောင် )
သဇင်က သူ့အကိုကို
သက်ပိုင်နဲ့ ခန့်အိမ်အား
မိတ်ဆက်ပေးပြီးနောက်
ထို ညီစေနိုင်ဆိုတဲ့ ဘဲမှာ သက်ပိုင်ကလွဲရင်
တစ်ဝိုင်းလုံးနဲ့ ပွဲကျနေလေသည်။
သက်ပိုင်ကတော့ မျက်နှာသေကြီးနဲ့
သူတို့ပြောသမျှ ထိုင်နားထောင်ရင်း
ဝိုင်းထဲက ဘယ်လိုလစ်ထွက်ရမလဲဆိုပြီးသာ
အကြံထုတ်နေမိသည်။" ဒါနဲ့... ဆုငယ်ငါသိချင်နေတာရှိတယ်
ငါအရင်တည်းက မေးမလို့ကို
အခုထိ မမေးရသေးတာ ... "" ဘာလဲ... ခန့်အိမ်...မေးလေ "
" ငါသိချင်တာက ... နင်နဲ့ သဇင်က
ဘယ်လိုသိကြတာလဲ.... သဇင်က
မန္တလေးသူလေ...ပြီးတော့ နင်က
ရန်ကုန်သူ...အဲ့တာကို ဘယ်လိုသိကြတာလဲ "ခန့်အိမ် အမေးကို
ဆုငယ်က ရေသောက်ပြီး
ပြန်ဖြေလေသည်။" ငါ့အဘွားက မန္တလေးမှာနေတာလေ...
အဲ့တော့ ငါကျောင်းပိတ်တိုင်း
အဘွားဆီ သွားသွားနေတယ်....
ဆုငယ်တို့က အဘွားအိမ်ဘေးမှာ
နေတာဆိုတော့..ခင်သွားကြတာ "" ဪ .... အဲ့လိုကို "
ခန့်အိမ်စကားဆုံးပြီးနောက် ကိုညီစေနိုင်ဆီမှ
အသံက ထွက်လာလေသည်။" သက်ပိုင်က စကားနည်းတယ်နော်
အရင်ကလည်း အဲ့လိုပဲ နည်းတာလား..
ဒါမှမဟုတ် ကိုယ်ရှိလို့လား "ညီစေနိုင်က သက်ပိုင်ကို ဉီးတည်ပြီး
စကားစလာတာကြောင့် သဇင့်အကြည့်တွေက
ညီစေနိုင်ဆီ ဒိုင်းကနဲ့ ရောက်လာသည်။
ထို့အကြည့်တွေထဲတွင်
ကိုကြီး နင်ဘာအကွက်တွေ
ရွှေ့ချင်နေတာလဲဆိုပြီး မေးနေသည်။
ညီစေနိုင် ထိုအကြည့်တွေကို
မသိချင်ယောင်ဆောင်ကာ
အရှေ့က တိတ်နေဆဲဖြစ်တဲ့
သူ့ရဲ့အသည်းအသက်လေးဖြစ်သူ
အချစ်ကိုသာ ကြည့်နေလေသည်။သက်ပိုင် နာမည်ကို တပ်ပြီး
မေးလာတာကြောင့် သက်ပိုင်
ပြန်မဖြေချင်လည်း ဖြေရတော့မည်။
သူက အမြဲလူတိုင်းကို
ဖော်ဖော်ရွေရွေ ဆက်ဆံတတ်ပြီး
ထိုလူကိုမှ စိမ်းကားလိုက်ရင်
ကျိန်းသေပေါက် သူ့ကိုခန့်အိမ်တို့
သံသယ ၀င်လိမ့်မည်။
YOU ARE READING
Say you are mine (U+Z)
Storie d'amoreအမြဲလိုလို ခန့်အိမ်ကို flirt သလိုလိုနဲ့ စရတာသဘောကျတဲ့ ဇေယျာနဲ့ ဇေယျာရဲ့ flirt မှုတွေကြား မျောပါသွားပြီး ဇေယျာ့ကို ပြန်Flirt ပြီး သိမ်းပိုက်မယ့် ခန့်အိမ် တို့ကြားက အချစ်ကို romance ဆန်ဆန်လေး ဖော်ပြသွားမှာ ဖြစ်ပါတယ်။ _________...