အခန်း ( ၂ )

318 53 27
                                    

တစ်ချိန်တည်းမှာ နွေးထွေးမှုနှင့် အေးချမ်းခြင်း

အချိန်အားဖြင့် ယနေ့အတွက် သစ်ရွက်တို့ကို နောက်ဆုံးလေနှင်ချိန်ဖြစ်သည်။ ဝတ်ထားသော အကျႌတို့ပင် မုတ်သုန်လေ ခပ်မြူးမြူးကြောင့် တလူလူလွင့်လျက်ရှိ၏။ စိတ်ရှုပ်ဖွယ်ယောကျာ်းတစ်ယောက်နှင့် တွေ့ဆုံခြင်းက မိုးညများ၏ အမှတ်တရတစ်ခုစတင် လာခြင်းလည်း ဖြစ်ကောင်းဖြစ်နို...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

အချိန်အားဖြင့် ယနေ့အတွက် သစ်ရွက်တို့ကို နောက်ဆုံးလေနှင်ချိန်ဖြစ်သည်။ ဝတ်ထားသော အကျႌတို့ပင် မုတ်သုန်လေ ခပ်မြူးမြူးကြောင့် တလူလူလွင့်လျက်ရှိ၏။ စိတ်ရှုပ်ဖွယ်ယောကျာ်းတစ်ယောက်နှင့် တွေ့ဆုံခြင်းက မိုးညများ၏ အမှတ်တရတစ်ခုစတင် လာခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ အုံ့မှိုင်းမှိုင်းရာသီဥတုက လွမ်းမောဖွယ်တေးသွားတို့ ဖန်တီးရန် လူနှစ်ယောက်အား အမှတ်မထင် ဆုံစည်းစေခြင်းမှာ အမြဲပင် ဖြစ်၏။

"မိုးတွေရွာနေပြီ ကျွန်တော်တို့ ဒီမှာပဲ ထိုင်နေလို့ မဖြစ်ဘူး။ နောက်ရက်ကျလည်း ပစ္စည်းလိုက်ယူရအုံးမှာ"

"ပစ္စည်း၊ ဘာလို့လိုက်ယူမှာလဲ"

"ကျွန်တော့်ပစ္စည်းတွေ ရထားပေါ်ပါသွားပြီလေ။ ရထားလွတ်သွားတာနဲ့အတူတူ ခုဏကပဲ ရုံပိုင်ကနေတစ်ဆင့် ဖုန်းဆက်ပြီးပြောခိုင်းလိုက်တာ။ ကျွန်တော့်အထုတ်တွေကို ဒယ်မြောင်ရှေ့က ဘူတာမှာ ချခိုင်းထားလိုက်ပြီ"

"ဒါဆိုလည်း ယူတာပေါ့" ဆိုသည့်သဘောဖြင့် ယောန်ဂျွန်းက ခေါင်းငြိမ့်ကာ အဖြေပေး၏။

"အခု ဘယ်မှာနေကြမလဲ။ တစ်ညလောက် အိပ်ဖို့နေရာကိုပြောတာ။ ကျွန်တော်တော့ ဘူတာခုံမှာ မအိပ်နိုင်ဘူးနော်။ မိုးပက်တယ်။ လေတိုက်လို့ ချမ်းတဲ့အပြင် ခြင်ကလည်း ကိုက်သေး"

အလိုမကျမှုတို့ဖြင့် မှုတ်ထုတ်လိုက်သော သက်ပြင်းတို့သည် မိုးစက်တင်လေနှင့်အတူ ရောပါမျှောလွှင့်သွားကြသည်။ ယင်းမှာ ယောန်ဂျွန်းအတွက် ဒီနေ့အဖို့ ၁၁ ကြိမ်မြောက် သက်ပြင်းချမိခြင်းဖြစ်လေသည်။

𝐓𝐡𝐞 𝐌𝐨𝐦𝐞𝐧𝐭 𝐖𝐞 𝐌𝐞𝐭 [𝐲𝐞𝐨𝐧𝐠𝐲𝐮]Where stories live. Discover now