အခန်း ( ၅ )

250 44 27
                                    

လမင်းအိပ်ပျော်စဉ် ကြယ်တစ်ပွင့်ခိုးယူခြင်း

အလှပဆုံးတို့အား ပေးစွမ်းတတ်သည့် နွေဦးကိုနှုတ်ဆက်ပြီးချိန်၌ ရေဖြိုင်သော မိုးဆိုင်တို့နှင့် တွေ့ကြုံရတော့၏။ နံနက်ခင်းနှိုးထချိန်မှာပင်လျှင် ကျေးငှက်တို့သီကြူးသံအစား မိုးသံဖြောက်ဖြောက်ကသာ နေရာယူ အစားထိုးသည်။ နေခြည်ငွေ့ငွေ့နှင့် ကြည်နူးစိတ်အား အုံ့မှိ...

¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra.

အလှပဆုံးတို့အား ပေးစွမ်းတတ်သည့် နွေဦးကိုနှုတ်ဆက်ပြီးချိန်၌ ရေဖြိုင်သော မိုးဆိုင်တို့နှင့် တွေ့ကြုံရတော့၏။ နံနက်ခင်းနှိုးထချိန်မှာပင်လျှင် ကျေးငှက်တို့သီကြူးသံအစား မိုးသံဖြောက်ဖြောက်ကသာ နေရာယူ အစားထိုးသည်။ နေခြည်ငွေ့ငွေ့နှင့် ကြည်နူးစိတ်အား အုံ့မှိုင်းမှိုင်း အလွမ်းရသတချို့နှင့် ဖလှယ်ကာ ပြောင်းလဲနေထိုင်ရသည်။

စောင်ခြုံထားသော်လည်း ချမ်းစိမ့်စိမ့်ခံစားချက်ကြောင့် မိုးရွာထားကြောင်း အာရုံတစ်စပြုမိသည်။ နိုးထရန် ထပ်မံအားပြုမိပါက ပြတင်းမှန်သို့ မိုးပက်သံတို့က အဆက်မပြတ်ပါလေ။ အိပ်ပျက်ည၏အရှိန်ကြောင့် နိုးထချိန်ကမောက်ကမဖြစ်မည်ဆိုသည်ကို ယောန်ဂျွန်းသိထားပြီးဖြစ်သည်။ နံရံမှ တိုင်ကပ်နာရီကို အကြည့်ပို့မိချိန်၌ တစ်ချက်ချက်လှည့်ပတ်နေသည့်စက္ကန့်လက်တံနှင့် ဂဏန်း ၈ သို့ပြလုလု နာရီလက်တံအားတွေ့၏။ သိပ်ကို နောက်ကျလွန်းသည့် အချိန်တော့မဟုတ်သော်လည်း သူမှတစ်ပါး အခြားလူများ မနက်စာစား၍ ပြီးကြပြီဟု တစ်ထစ်ချတွေးလိုက်သည်။

ပွယောင်းကာ တွန့်ကြေလျက်ရှိသော ညအိပ်ဝတ်စုံအား ကြည့်၍ သပ်ရပ်သည့် အသစ်တစ်စုံနှင့် လဲရန်ပြင်သည်။ သူ့ကိုယ်ပိုင် အဝတ်အစားများရယ်တော့ မဟုတ်၊ ဘွန်မ်ဂယူ့အကို၏ အဝတ်အစားအချို့အား သူနေသည့်အခန်းဘီရိုတွင် ကျနစွာ လာရောက်ထည့်သွင်းပေးထားကြခြင်းဖြစ်၏။

သူဝတ်နေကျ ခါတိုင်းပုံစံများကဲ့သို့ ရှပ်အကျႌလက်ရှည်နှင့် စတိုင်ပန့်ဘောင်းဘီကပင် သူ့ခန္ဓာကိုယ်ပေါ်၌ သေသေသပ်သပ် နေရာယူ၏။ ယနေ့မိုးအေးနေသည့်အတွက် ရှပ်အကျႌလက်အရှည်အား အပေါ်သို့ခေါက်တင်ခြင်းမရှိ မူလအရှည်အတိုင်း လက်ခေါက်နားတွင် ကြယ်သီးတပ်ကာ ကြည့်ကောင်းအောင် ဆင်ယင်လိုက်သည်။ စတိုင်ပန့်အနက်ရောင်၊ ရှပ်လက်ရှည်ဆင်စွယ်နှင့် ငွေရောင်မျက်မှန်ကိုင်းတပ်ထားသော လူငယ်က ကြေးမှုံပြင်၌ ထင်ဟပ်နေသော ပုံရိပ်ယောင်အား ခပ်ပြုံးပြုံးကြည့်လိုက်သည်။ ယနေ့၌လည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်ခြင်းများနှင့်အတူ အခန်းအပြင်သို့ ထွက်ခဲ့ပါတော့သည်။

𝐓𝐡𝐞 𝐌𝐨𝐦𝐞𝐧𝐭 𝐖𝐞 𝐌𝐞𝐭 [𝐲𝐞𝐨𝐧𝐠𝐲𝐮]Donde viven las historias. Descúbrelo ahora