အချစ် နှင့် သတ္တိ
![]()
Ups! Gambar ini tidak mengikuti Pedoman Konten kami. Untuk melanjutkan publikasi, hapuslah gambar ini atau unggah gambar lain. ပြာလွင်လွင် ကောင်းကင်နှင့် နေမင်းရှိရာတွင် ဖြူလွှလွှတိမ်ဆိုင်တို့ ပျော်မြူးကြ၏။ မဟူရာဆန်နောက်ခံနှင့် သော်တာလမင်းတို့ ဖြစ်တည်ရာတွင်
လင်းလက်ကြယ်တို့ မွေ့လျော်ကြ၏။ နွေဦးသည် ပန်းတို့အား အလှပဆုံးဖူးပွင့်စေကာ ကြည်နူးစရာတို့ကို ပေးစွမ်း၏။ ထို့အတူ ဆောင်းဦးသည်လည်း နှင်းပွင့်နှင့် လေလွှင့်ရွက်ကြွေတို့အား ဆုံစည်းစေကာ လွမ်းမောတိတ်ဆိတ်ခြင်းကို ဆောင်ကျဉ်း၏။အချစ်သည် လူနှစ်ယောက်အား ပိုင်ဆိုင်ထား၏။ အချစ်၌ လူနှစ်ယောက် ပျော်မွေ့ကြသည်။ လွမ်းဆွေးကြသည်။ ရင်ခုန်စရာတို့အား အတူဖန်တီးကြသည်။
အချစ်ကို အမျိုးအစားပေါင်းများစွာ ခွဲခြားနိုင်သော်လည်း အချစ်အားလုံးမှာ နှစ်ယောက် (သို့) နှစ်ခုသော အရာ၌သာ ဖြစ်တည်ကြ၏။ ဥပမာ - "အဖေက အမေ့ကိုချစ်သည်" ဆိုလျှင် အဖေနှင့် အမေကြားမှ အချစ်ဖြစ်၏။ "ယောင်းဂျယ်က သူ့ခွေးလေးကို ချစ်သည်" ဆိုလျှင်လည်း ယောင်းဂျယ်နှင့် သူ့ခွေးကလေးကြားရှိ အချစ်ဖြစ်၏။ တစ်ဖက်သတ်အချစ် ဖြစ်လျှင်ပင် "ချစ်နေသောသူ" နှင့် "အချစ်ခံရသော်လည်း ပြန်မချစ်သူ" နှစ်ယောက်ဖြစ်သည်။ အရာဝတ္ထုတို့အား ချစ်မိလျှင်လည်း "အရာဝတ္တု" နှင့် "ထိုအရာအား ချစ်သူ" ဟူ၍ နှစ်ခုသော အရာဖြစ်၏။မိမိကိုယ်ကိုယ် ချစ်လျှင်ပင် "မိမိ" နှင့် "ကိုယ်" ဟု သီခြားခွဲပြောရပြန်၏။ အမှန်စင်စစ် တွေးဆကြရမည်ဆိုလျှင် လူတိုင်း ကိုယ်ခွဲပညာ တကယ်တတ်မြောက်ကြသည်။ အလုပ်ချိန်တွင်း၌ လူတစ်မျိုး၊ သဘောကျသည့်အရာကို ပြုလုပ်နေချိန်တွင် လူတစ်မျိုး၊ ချစ်သည့်လူရှေ့တွင် တစ်မျိုး၊ မုန်းသည့်လူရှေ့၌ တစ်ဖုံ၊ မည်သူမျှမမြင်သည့်အချိန်တွင် လူတစ်မျိုး စသည်ဖြင့် ကိုယ်ခွဲပညာအား အသီးသီး တတ်မြောက်နေကြ၏။ မိမိကိုယ်မိမိ ချစ်သည် ဆိုသည်မှာ အလုပ်လုပ်နေသည့် မိမိကို ချစ်သလော၊ ချစ်သည့်လူရှေ့ရှိ မိမိအားချစ်သလော၊ ဝါသနာထုံရာအား ပြုလုပ်နေသည့် မိမိကို ချစ်သလော။ ချစ်သည်ဟု ဆိုသည်နှင့်တစ်ပြိုင်နက် အရာအားလုံးကို ချစ်မိခြင်းဖြစ်၏။ ချစ်နေမိခြင်းမှာလည်း လက်ခံနိုင်သောကြောင့် ဖြစ်သည်။ အရာအားလုံးကို လက်ခံနိုင်လိုက်သည့်အချိန်၌ စတင်ချစ်မိသွားကြ၏။
![](https://img.wattpad.com/cover/273945646-288-k799086.jpg)