part..1 {intro}

3.5K 123 0
                                    

"minလေး သားကျောင်းသွားဖို့မြန်မြန်ထလေ လုပ်စရာရှိတာလုပ် ကျောင်းနောက်ကျတော့မှာပဲအိပ်ပုတ်လေးရယ်..."

-မနက်ခင်း၌jimin မေမေ၏အိပ်ယာနိုးသံချိုချိုသာသာလေး....

"ဟင့် ဟင်း....သားနိုး‌နေပါပီမေမေရယ်"

"ဘာနိုးတာတုန်း မျက်လုံးကမပွင့်ပဲ....မျက်နှာသစ် ပြင်ဆင်ပြီးအောက်ဆင်းခဲ့ မနက်စာပြင်ပေးထားမယ်.."

"ဟုတ်...မေမေ.."

........

"သား ဖေဖေကအစောကြီးအလုပ်သွားပြီ.."

"သား သူ့အကြောင်းမေးမိလို့လား..."

-မေမေမျက်နှာလေးညိူးငယ်သွားသည်ကိုjiminမြင်တော့...

"ချစ်တယ်မေမေ..သားကျောင်းသွားပြီနော်.."

"အော် အေးအေး သားလေး"

........

"Mr.Park အလုပ်ကိုတိကျအောင်လုပ်ပေးပါ ခများအသက်နဲ့ခန္ခာကိုယ်အိုးစားကွဲချင်နေပြီလား.."

"ကျွန်တော် နောက်မမှားစေရပါဘူး "

"ခများက ဒီစကားတခွန်းနဲ့ပြီးသွားခဲ့ပေမယ့် ခများလုပ်ရပ်ကMin ဂိုဏ်းအတွက်ခလုတ်တခုဖြစ်လာခဲ့ရင် ခများလည်ပြတ်ပြီသာမှတ်..."

-ဒီနေ့မနက် Min ဂိုဏ်းခေါင်းဆောင်(Min yoongi)၏ဒေါသသံသည် စံအိမ်၌ ဟိန်းလျှက်...

"Yoongi စိတ်ထိန်းကွာ ဒီကိစ္စကပြင်လို့မရတော့ဘူး.."

"တောက်...နိုင်ငံခြားကအရေးကြီးလက်နက်တွေ ငါတို့ဆီ သဘက်ခါဝင်မယ်ဆိုတဲ့သတင်း တခြားဂိုဏ်းတွေပြန့်ကုန်တာ ငါဘယ်လိုစိတ်ထိန်းရမလဲTaehyung..."

"အခုအခြေအနေမှာငါတို့တွေလူပ်ရှားလို့ရဦးမှာမဟုတ်ဘူး yoongi ‌တစ်လနှစ်လလောက်နားထားရအောင် ဒီအခြေအနေမှာငါတို့လူပ်ရှားလိုက်ရင် ဖြတ်လုခံရလိမ့်မယ်..."

-Yoongi ကျစ်တချက်စုတ်သပ်ရင်း...

"Taehyung..မင်း Mr.Parkကိုစောင့်ကြည့်နေ..
ဒီသတင်းက သူ့လက်အောက်ကထွက်တာဆိုတော့ သစ္စာဖောက်တယောက်ရှိလိမ့်မယ် .."

"စိတ်မပူနဲ့ ငါရအောင်ဖော်ထုတ်ပြီးသတ်ပေးမယ် "

"ငါမင်းကိုယုံတယ်Taehyung..."

Finally💔Where stories live. Discover now